Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖျက်သိမ်းကြောင်းကြေညာခဲ့သည့် ရွာငံPDFမှာ ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)အမည်ဖြင့် စစ်ဆင်ရေးလှုပ်ရှားနေ

ပင်းတယတွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန် ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။ပင်းတယမြို့အထွက် စစ်ကောင်စီ ကင်းစခန်းတစ်ခုကိုလည်း ဇွန် ၂၉ရက်တွင်JPGF တိုက်ခိုက်ခဲ့သည်။

ဖျက်သိမ်းကြောင်းကြေညာခဲ့သည့် ရွာငံPDFမှာ ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)အမည်ဖြင့် စစ်ဆင်ရေးလှုပ်ရှားနေ
ဖျက်သိမ်းကြောင်းကြေညာခဲ့သည့် ရွာငံPDFမှာ ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)အမည်ဖြင့် စစ်ဆင်ရေးလှုပ်ရှားနေ

အထူးကွန်မန်ဒိုပြောက်ကျားတပ်ဖွဲ့ပါဖွဲ့စည်း

ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည့် ရွာငံPDFသည် ချိုးဖြူပြောက် ကျားတပ်ဖွဲ့(JPGF)အမည်ဖြင့် စစ်ဆင်ရေးများဆက်လက်ပြုလုပ်ခဲ့ပြီး ယခုအခါ အထူးကွန်မန်ဒိုပြောက်ကျားတပ်ဖွဲ့အဖြစ်ဖွဲ့စည်းနေပြီဟု သတင်းထုတ်ပြန် သည်။

ရွာငံပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(YPDF)ကို တရားဝင်ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ဇွန်လ၃၀ရက်တွင် ​ကြေညာခဲ့သည်။ အခက်အခဲအမျိုးမျိုးကြောင့် ဆက်လက်ရပ်တည်နိုင်ခြင်းမရှိတော့သည့် အတွက်ကြောင့်ဖျက်သိမ်း လိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း YPDFသည် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)အနေဖြင့် စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်ခဲ့​သည်ဟု ယနေ့(ဇူလိုင် ၂၁ရက်)တွင် ပြည်သူလူထုအား အသိပေးလာသည်။

“မိမိတို့တပ်ဖွဲ့သည် YPDFအနေဖြင့် လှုပ်ရှား၍မရသော အခြားဒေသများ တွင်JPGF အမည်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်”ဟု ရွာငံPDFက ထုတ်ပြန်သည်။

YPDFအနေဖြင့် ဒေသကိုစွန့်ခွာတော့မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သလို တော်လှန်ရေးတွင် ပုံစံအမျိုးမျိုးဖြင့်ဆက်လက်တည်ရှိနေပြီး စုဖွဲ့မှုအသစ်ဖြင့်ပြန်လာခဲ့မည်ဟု ကတိသစ္စာပြုခဲ့ကြောင်း၊ တော်လှန်ရေး တွင်ပုံစံအမျိုးမျိုးဖြင့်တည်ရှိနေမည်ဆိုသည်မှာ YPDFသည် ရှမ်းတောင် အခြေစိုက် ချိုးဖြူပြောက်ကျားတပ်ဖွဲ့(JPGF)အသွင်ဖြင့် လှုပ်ရှား နေခြင်းဖြစ် သည်ဟု ရှင်းပြထားသည်။

Public Service Announcement

Public Service Announcement

စုဖွဲ့မှုအသစ်ဖြင့်ပြန်လာမည်ဆိုသည်မှာ YPDFသည် အထူးကွန်မန်ဒို ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်း ကာ JPGF၏အထူးပြောက်ကျားတပ်ဖွဲ့အနေဖြင့် ဖွဲ့စည်းနေပြီဖြစ်ကြောင်းပြည်သူများထံအသိပေး ထားသည်။

ချိုးဖြူပြောက်ကျားတပ်ဖွဲ့တွင် ပင်းတယ၊ ရွာငံ၊တောင်ကြီးနှင့်ရပ်စောက် အပါအဝင် ရှမ်းပြည်နယ် တောင်ပိုင်းမြို့နယ်များမှ ပြည်သူ့ရဲဘော်များ ပူးပေါင်းဖွဲ့စည်းထားသည်ဟု ဓနုဒေသမှ ပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။

ရွာငံPDFက ဖျက်သိမ်းသည်ဆိုသော သတင်းသည် သတင်းမီဒီယာကြီးများတွင် အကျယ်တဝင့် ဖော်ပြခဲ့ကြသည်။ ယင်းကာလ(ဇွန် ၃၀ရက်နောက်ပိုင်း) နောက်ပိုင်းတွင် ရွာငံနှင့် ပင်းတယပါဝင်သော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် စစ်ကောင်စီထောက်တိုင်အကြီးစားများ ဆက်တိုက် တိုက်ခိုက်ခံခဲ့ရသည်။ယင်းတိုက်ခိုက်မှုများတွင် ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)က အများဆုံး ပါဝင်ခဲ့သည်။

ပင်းတယတွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန် ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။ပင်းတယမြို့အထွက် စစ်ကောင်စီ ကင်းစခန်းတစ်ခုကိုလည်း ဇွန် ၂၉ရက်တွင်JPGF တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။