Connect with us

Hi, what are you looking for?

သတင်း

ဖျက်သိမ်းကြောင်းကြေညာခဲ့သည့် ရွာငံPDFမှာ ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)အမည်ဖြင့် စစ်ဆင်ရေးလှုပ်ရှားနေ

ပင်းတယတွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန် ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။ပင်းတယမြို့အထွက် စစ်ကောင်စီ ကင်းစခန်းတစ်ခုကိုလည်း ဇွန် ၂၉ရက်တွင်JPGF တိုက်ခိုက်ခဲ့သည်။

ဖျက်သိမ်းကြောင်းကြေညာခဲ့သည့် ရွာငံPDFမှာ ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)အမည်ဖြင့် စစ်ဆင်ရေးလှုပ်ရှားနေ
ဖျက်သိမ်းကြောင်းကြေညာခဲ့သည့် ရွာငံPDFမှာ ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)အမည်ဖြင့် စစ်ဆင်ရေးလှုပ်ရှားနေ

အထူးကွန်မန်ဒိုပြောက်ကျားတပ်ဖွဲ့ပါဖွဲ့စည်း

ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည့် ရွာငံPDFသည် ချိုးဖြူပြောက် ကျားတပ်ဖွဲ့(JPGF)အမည်ဖြင့် စစ်ဆင်ရေးများဆက်လက်ပြုလုပ်ခဲ့ပြီး ယခုအခါ အထူးကွန်မန်ဒိုပြောက်ကျားတပ်ဖွဲ့အဖြစ်ဖွဲ့စည်းနေပြီဟု သတင်းထုတ်ပြန် သည်။

ရွာငံပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(YPDF)ကို တရားဝင်ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ဇွန်လ၃၀ရက်တွင် ​ကြေညာခဲ့သည်။ အခက်အခဲအမျိုးမျိုးကြောင့် ဆက်လက်ရပ်တည်နိုင်ခြင်းမရှိတော့သည့် အတွက်ကြောင့်ဖျက်သိမ်း လိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း YPDFသည် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)အနေဖြင့် စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်ခဲ့​သည်ဟု ယနေ့(ဇူလိုင် ၂၁ရက်)တွင် ပြည်သူလူထုအား အသိပေးလာသည်။

“မိမိတို့တပ်ဖွဲ့သည် YPDFအနေဖြင့် လှုပ်ရှား၍မရသော အခြားဒေသများ တွင်JPGF အမည်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်”ဟု ရွာငံPDFက ထုတ်ပြန်သည်။

YPDFအနေဖြင့် ဒေသကိုစွန့်ခွာတော့မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သလို တော်လှန်ရေးတွင် ပုံစံအမျိုးမျိုးဖြင့်ဆက်လက်တည်ရှိနေပြီး စုဖွဲ့မှုအသစ်ဖြင့်ပြန်လာခဲ့မည်ဟု ကတိသစ္စာပြုခဲ့ကြောင်း၊ တော်လှန်ရေး တွင်ပုံစံအမျိုးမျိုးဖြင့်တည်ရှိနေမည်ဆိုသည်မှာ YPDFသည် ရှမ်းတောင် အခြေစိုက် ချိုးဖြူပြောက်ကျားတပ်ဖွဲ့(JPGF)အသွင်ဖြင့် လှုပ်ရှား နေခြင်းဖြစ် သည်ဟု ရှင်းပြထားသည်။

Public Service Announcement

Public Service Announcement

စုဖွဲ့မှုအသစ်ဖြင့်ပြန်လာမည်ဆိုသည်မှာ YPDFသည် အထူးကွန်မန်ဒို ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်း ကာ JPGF၏အထူးပြောက်ကျားတပ်ဖွဲ့အနေဖြင့် ဖွဲ့စည်းနေပြီဖြစ်ကြောင်းပြည်သူများထံအသိပေး ထားသည်။

ချိုးဖြူပြောက်ကျားတပ်ဖွဲ့တွင် ပင်းတယ၊ ရွာငံ၊တောင်ကြီးနှင့်ရပ်စောက် အပါအဝင် ရှမ်းပြည်နယ် တောင်ပိုင်းမြို့နယ်များမှ ပြည်သူ့ရဲဘော်များ ပူးပေါင်းဖွဲ့စည်းထားသည်ဟု ဓနုဒေသမှ ပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။

ရွာငံPDFက ဖျက်သိမ်းသည်ဆိုသော သတင်းသည် သတင်းမီဒီယာကြီးများတွင် အကျယ်တဝင့် ဖော်ပြခဲ့ကြသည်။ ယင်းကာလ(ဇွန် ၃၀ရက်နောက်ပိုင်း) နောက်ပိုင်းတွင် ရွာငံနှင့် ပင်းတယပါဝင်သော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် စစ်ကောင်စီထောက်တိုင်အကြီးစားများ ဆက်တိုက် တိုက်ခိုက်ခံခဲ့ရသည်။ယင်းတိုက်ခိုက်မှုများတွင် ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)က အများဆုံး ပါဝင်ခဲ့သည်။

ပင်းတယတွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန် ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။ပင်းတယမြို့အထွက် စစ်ကောင်စီ ကင်းစခန်းတစ်ခုကိုလည်း ဇွန် ၂၉ရက်တွင်JPGF တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။