Connect with us

Hi, what are you looking for?

သတင်း

ပြင်းအားရစ်ချ်တာစ​ကေး ၅ဒဿမ၉ ရှိ​မြေငလျင်ကျိုင်းတုံမြို့အနီးဗဟိုပြု၍လှုပ်

မြန်မာနိုင်ငံတွင်ယခုရက်ပိုင်း အင်အားအသင့်အတင့်ရှိ​သော ​မြေငလျင်များ မကြာခဏ လှုပ်ရှားနေ၍ သတိပြုနေထိုင်ကြရန် ​မြေငလျှင်ပညာရှင်အချို့ကအကြံပြုသည်။

ပြင်းအားရစ်ချ်တာစ​ကေး ၅ဒဿမ၉ ရှိ​မြေငလျင်ကျိုင်းတုံမြို့အနီးဗဟိုပြု၍လှုပ်
ပြင်းအားရစ်ချ်တာစ​ကေး ၅ဒဿမ၉ ရှိ​မြေငလျင်ကျိုင်းတုံမြို့အနီးဗဟိုပြု၍လှုပ်

ကျိုင်းတုံမြို့အနီး ဗဟိုပြု၍ ယနေ့ညတွင် အင်အားအသင့်အတင့်ရှိ​သောငလျင် မိနစ်ပိုင်းအတွင်း နှစ်ကြိမ်ဆက် လှုပ်ခတ်ခဲ့ရာ ဒုတိယအကြိမ်​မြေငလျှင်မှာ ပြင်းအားရစ်ချ်တာစ​ကေး ၅ဒဿမ၉ ရှိသည်။

ကျိုင်းတုံမြို့အနီးတွင် ယနေ့ည ၁၁နာရီ ၁၀မိနစ်က မြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)၌ ရစ်ချ်တာစကေး ၄ ဒဿမ၈ ရှိ​သောငလျင်တစ်ကြိမ်၊ ၁၁နာရီ ၃၇မိနစ်တွင်ရစ်ချ်တာစကေး ၅ဒဿမ၉ ရှိ​သောငလျင်တစ်ကြိမ် လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာန USGSက ထုတ်ပြန်ထားသည်။

ပြင်းအားရစ်ချ်တာစ​ကေး ၅ဒဿမ၉ ရှိ​မြေငလျင်ကျိုင်းတုံမြို့အနီးဗဟိုပြု၍လှုပ်
ပြင်းအားရစ်ချ်တာစ​ကေး ၅ဒဿမ၉ ရှိ​မြေငလျင်ကျိုင်းတုံမြို့အနီးဗဟိုပြု၍လှုပ်

ပြင်းအားရစ်ချ်တာစ​ကေး ၆ နှင့်အထက်ဆိုလျှင် အင်အားပြင်းငလျှင်ထဲတွင်ပါ၍ ယ​နေ့ညတွင်ဒုတိယအကြိမ်လှုပ်​သော​မြေငလျှင်မှာ ပြင်းအား ၅ဒဿမ၉ ရှိသဖြင့် အင်အားအ​တော်အသင့်ရှိ​သော​မြေငလျှင်ဖြစ်သည်။​မြေငလျှင်ဗဟိုမှာ ၁၀ ကီလိုမီတာနှင့်ပိုနီးလျှင် ​ဇောက်တိမ်ငလျှင်ဟုသတ်မှတ်ပြီး ပို၍အဖျက်စွမ်းအားကြီးသည်။

စစ်ကောင်စီလက်​အောက်ခံမိုးဇလဌာနကမူ ရစ်ချ်တာစကေ ၅ဒဿမ၃ငလျင်နှင့် ၆ဒဿမ၁ ငလျင် လှုပ်ခတ်သွားသည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါငလျင်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှ မြို့နယ်များအပြင် နေပြည်တော်အပါအဝင် ဒေသအများစု၌ သိသိသာသာခံစားလိုက်ရကြောင်း ဒေသခံများကပြောသည်။​မြေငလျှင်​ကြောင့်ထိခိုက်ပျက်စီးမှုအ​ခြေအ​နေကိုမူ မသိရ​သေး​ပေ။

မြန်မာနိုင်ငံတွင်ယခုရက်ပိုင်း အင်အားအသင့်အတင့်ရှိ​သော ​မြေငလျင်များ မကြာခဏ လှုပ်ရှားနေ၍ သတိပြုနေထိုင်ကြရန် ​မြေငလျှင်ပညာရှင်အချို့ကအကြံပြုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။