Connect with us

Hi, what are you looking for?

သတင်း

အရပ်သားလေးဦးကို ကွက်မျက်သည့်အပေါ် တုန့်ပြန်တိုက်ခိုက်မည့်မစ်ရှင် ပြည်သူအချို့ကြောင့် ဖျက်သိမ်းလိုက်ရဟု NOKA အဖွဲ့ အသိပေး

အဆိုပါကလေးများ ပူး၍ချသွားသော ပစ္စည်းများကို ဆိုင်ကယ်ဖြင့်လာသည့် ကလေးအချို့က ဒုတိယအကြိမ်အဖြစ် ကောက်ယူသွားခဲ့ကြောင်း ဖော်ပြသည်။

အရပ်သားလေးဦးကို ကွက်မျက်သည့်အပေါ် တုန့်ပြန်တိုက်ခိုက်မည့်မစ်ရှင် ပြည်သူအချို့ကြောင့် ဖျက်သိမ်းလိုက်ရဟု NOKA အဖွဲ့ အသိပေး
အရပ်သားလေးဦးကို ကွက်မျက်သည့်အပေါ် တုန့်ပြန်တိုက်ခိုက်မည့်မစ်ရှင် ပြည်သူအချို့ကြောင့် ဖျက်သိမ်းလိုက်ရဟု NOKA အဖွဲ့ အသိပေး

ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် အရပ်သားလေးဦးကို စစ်ကောင်စီက သေဒဏ်ပေးကွက်မျက်မှုအပေါ်လက်တုန့်ပြန်မည့် တိုက်ခိုက်ရေးမက်ရှင်တစ်ခု ပြည်သူအချို့ကြောင့် မအောင်မြင်ဘဲ ဖျက်သိမ်းခဲ့ရကြောင်း ရန်ကုန်မြို့မှ ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော NOKA က ယနေ့(ဇူလိုင် ၂၅)အသိပေးထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်ရေးမက်ရှင်ကို မြောက်ဥက္ကလာပမြို့ နယ်တစ်နေရာတွင် စီစဥ်ခဲ့ရာ ပထမတစ်ကြိမ်တွင် မိဘများနှင့်အတူပါလာသော ကလေးအချို့က တိုက်ခိုက်ရေးပြုလုပ်မည့် ပစ္စည်းများအား ကောက်ယူပြီး နှစ်ခုပူးကာ ပြန်ချထားခဲ့သည်ဟု ဆိုသည်။

ထို့နောက် အဆိုပါကလေးများ ပူး၍ချသွားသော ပစ္စည်းများကို ဆိုင်ကယ်ဖြင့်လာသည့် ကလေးအချို့က ဒုတိယအကြိမ်အဖြစ် ကောက်ယူသွားခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များအား တိုက်ခိုက်မှုပြုလုပ်မည့် နေရာအနီးဝန်းကျင်၌ အန္တရာယ်ရှိသည်ဟူသောစာသားပါ စာရွက်များကြဲချ၍ သတိပေးထားသော်လည်း အ​ခြေအနေကိုနားမလည်သော မိဘများနှင့် ကလေးအချို့ကြောင့် မက်ရှင်ဆက်မလုပ်ဘဲ ဖျက်သိမ်းခဲ့ရကြောင်း NOKA အဖွဲ့၏တာဝန်ခံ Saw BlacK က ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ တွေးထားတာတော့ ပစ္စည်းချထားပြီးစောင့်ကြည့်ဖို့ပါ။ အဓိကကတော့ စကစရဲ့ဒေါက်တိုင်တွေနဲ့ ရန်သူ့သတင်းပေးတွေ၊ စကစယူနီဖောင်းဝတ်အကုန်လုံးကို ပစ်မှတ်ထားပါတယ်”ဟု မက်ရှင်နှင့်ပတ်သက်ပြီး တာဝန်ခံ Saw Black က ပြောသည်။

၎င်းတို့ NOKA အဖွဲ့အနေဖြင့် ယခုကဲ့သို့ မက်ရှင်ဖော်ဆောင်ရခြင်းမှာ ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါ အဝင် အရပ်သားလေးဦးကို စစ်ကောင်စီက သေဒဏ်ပေးကဃက်မျက်မှုအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် တိုက်ခိုက်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေး သည်။

ယခုတစ်ကြိမ်တွင် ကလေးများနှင့် ကလေးမိဘများကိုငဲ့ပြီး တိုက်ခိုက်ရေးမက်ရှင် ဖျက်လိုက်ရကာ နောက်ဆုတ်ခဲ့သော်လည်း ထပ်မံပြုလုပ်မည့်မက်ရှင်များတွင် ယခုလို သက်ညှာပေးတောလမည်မဟုတ်ကြောင်း NOKA က အသိပေးထုတ်ပြန်ထားသည်။

ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် အရပ်သားလေးဦးကို မတရားချမှတ်ထားသော သေဒဏ်အမိန့်အတိုင်း အကျဥ်းထောင်လုပ်ထုံးလုပ်နည်းများအရ စီရင်ပြီးဖြစ်ကြောင်း ယနေ့(ဇူလိုင် ၂၅) အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ သတင်းစဥ်တွင် ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။