Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ သတ်ဖြတ်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးမကျန် အပြစ်ပေးနိုင်ရေး စနစ်တကျတုံ့ပြန်မည်ဟု NUG ထုတ်ပြန်

အကြမ်းဖက်စစ်တပ်ကို အပြုသဘောဖြင့် ဆက်ဆံချဉ်းကပ်ခြင်းသည် လက်ရှိရင်ဆိုင်နေရသည့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ပြေလည်စေမည့် အဖြေဖြစ်နိုင် လိမ့်မည်ဟု ယုံကြည်နေသူများအနေဖြင့်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့၏ သဘောထား အမှန်ကို နားလည်သဘောပေါက်ကြသင့်ပြီဖြစ်ကြောင်း သတိပေးသည်။

▪️မြန်ဆန်ထိရောက်သော အကူအညီများပေးရန် နိုင်ငံတကာသို့ တောင်းဆို

ဥပဒေနှင့် လူ့ကျင့်ဝတ်စံနှုန်းများအရ မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ဖွယ်မရှိသော အကြမ်း ဖက်စစ်ကောင်စီ၏ သတ်ဖြတ်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူ တစ်ဦးမကျန် အပြစ်ပေးနိုင်ရေး စနစ်တကျ တုံ့ပြန်စီစဉ်ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို တရားဥပဒေမဲ့စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်သည် ဥပဒေအရ၊ လူ့ကျင့်ဝတ်စံနှုန်းများအရ မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ဖွယ်မရှိသောလုပ်ရပ်ဖြစ်ကြောင်း NUG က ဖော်ပြသည်။

အဆိုပါ ကိစ္စရပ်တွင် တာဝန်ရှိသူတစ်ဦးတစ်ယောက် မကျန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူခံရစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ သည် နိုင်ငံရေးနည်းလမ်း၊ နိုင်ငံခြားရေးနည်းလမ်း၊ စစ်ရေးနည်းလမ်း စသည့် နည်းလမ်းပေါင်းစုံဖြင့် ထိရောက်ပြင်းထန်သော တုံ့ပြန်ဆောင်ရွက်မှုများကို စနစ်တကျ စီစဉ်ဆောင်ရွက်သွားမည် ဟု ဆက်လက်ဖော်ပြသည်။

စစ်ကောင်စီ၏ သတ်ဖြတ်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးမကျန် အပြစ်ပေးနိုင်ရေး စနစ်တကျတုံ့ပြန်မည်ဟု NUG ထုတ်ပြန်
စစ်ကောင်စီ၏ သတ်ဖြတ်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးမကျန် အပြစ်ပေးနိုင်ရေး စနစ်တကျတုံ့ပြန်မည်ဟု NUG ထုတ်ပြန်

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ တော်လှန်ရေးခေါင်းဆောင်များကို ယခုကဲ့သို့ တရားမဲ့ကျူးလွန် သတ်ဖြတ်သည့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်သည် နိုင်ငံ၏အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရန် လုံးဝဆန္ဒမရှိသည်ကို ထပ်မံသက်သေထူပြသခြင်း ဖြစ်သည်ဟု NUG က ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်ကို အပြုသဘောဖြင့် ဆက်ဆံချဉ်းကပ်ခြင်းသည် လက်ရှိရင်ဆိုင်နေရသည့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ပြေလည်စေမည့် အဖြေဖြစ်နိုင် လိမ့်မည်ဟု ယုံကြည်နေသူများအနေဖြင့်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့၏ သဘောထား အမှန်ကို နားလည်သဘောပေါက်ကြသင့်ပြီဖြစ်ကြောင်း သတိပေးသည်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ ရပ်တန့်ပြီး နောင်အနာဂတ်တွင် ယခုကဲ့သို့ကျူးလွန်မှုများ ထပ်မံပေါ်ပေါက်ခြင်းမရှိစေရန် မြန်ဆန်ထိရောက်သော အကူအညီများ ပေးခြင်းဖြင့် လူသားမျိုးနွယ်စု တစ်ခုလုံးအပေါ်ခြိမ်းခြောက်လျက်ရှိသည့် အကြမ်းဖက်ဖက်ဆစ်စနစ်ကို အဆုံးသတ်ပေးရန် NUG က တိုက်တွန်းသည်။

ထို့အပြင် အကျဉ်းထောင်အတွင်း တရားမဲ့သတ်ဖြတ်ခံခဲ့ရသူများအပါအဝင် နွေဦးတော်လှန်ရေးကာလ တလျောက် အကြမ်းဖက်စစ်ကောင်စီ၏ မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသည့် နွေဦးသူရဲကောင်းအားလုံးတို့၏ ရင်းနှီးပေးဆပ်ခဲ့မှုများအတွက် ကျန်ရစ်သူ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ အားလုံးနှင့်ထပ်တူ ပူဆွေးဝမ်းနည်းရပါကြောင်း ဖော်ပြလျက် ဦးညွတ်အလေးပြုကြောင်း NUG ကထုတ်ပြန်သည်။

NUG သည် ကျဆုံးသွားကြသော နွေဦးသူရဲကောင်းများ၏ ကျေးဇူးဂုဏ်ကို ဦးထိပ်ပန်လျက် အကြမ်းဖက် ဖက်ဆစ်ဝါဒ မြန်မာ့မြေပေါ်မှ အပြီးတိုင် အမြစ်ပြတ်ပျောက်ကွယ်သွားစေရေးကို ပြည်သူလူထုနှင့်အတူ တွဲလက်မြဲမြံစွာဖြင့် အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု သန္နိဌာန်ပြုသည်။

ပြည်သူများ၊ မြေပြင်တွင် အသက်စွန့် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးရဲဘော် ရဲဘက်များအားလုံးသည်လည်း ပူဆွေးဝမ်းနည်းစိတ်၊ နာကျင်ခံပြင်းစိတ်များကို စိတ်ခွန်အားများအဖြစ်ပြောင်းလဲပြီး တော်လှန်ရေးကို ကျရာနေရာမှပါဝင်ကာ အောင်မြင်ပြီးဆုံးသည်အထိ မဆုတ်မနစ် တိုက်ပွဲဝင်သွားကြမည်ဟု ယုံကြည်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook