Connect with us

Hi, what are you looking for?

သတင်း

ကွက်မျက်ခံရသူလေးဦးအတွက် ရေနံချောင်းရှိ လက် မှတ်ကုန်းရဲစခန်းကို ဗုံးဖြင့်ထုပြီး သွေးကြွေးပြန်တောင်း

ဒေသခံများ၏ ဆက်သွယ်ပြောကြားမှုများအရ တိုက် ခိုက်ခံရမှုဖြစ်ပွားပြီးနောက် အရေးပေါ်လူနာတင်ယာဥ်တစ်စီးရဲစခန်းအတွင်းဝင်ရောက်သွားပြီး ရေနံချောင်းမြို့နယ်ဆေးရုံးသို့ ပြန်လည်မောင်းနှင်သွားကာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား အတိအကျ မသိရသေးကြောင်း ၎င်းက ရှင်းပြသည်။

(မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့ မှတပ်ဖွဲ့ဝင်များ)
(မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့ မှတပ်ဖွဲ့ဝင်များ)

ကြိုးပေးကွက်မျက်ခံရသူလေးဦးအတွက် ရေနံချောင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ လက်မှတ်ကုန်းနယ်မြေရဲစခန်းအားဗုံးပစ်တိုက်ခိုက်ပြီးသွေးကြွေးပြန်တောင်းခဲ့ကြောင်း မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့(CAF – SPUPDF)မှ ဗိုလ်ငှက်ခါးကပြောသည်။

ယမန်နေ့ည ၈ နာရီခွဲခန့်တွင် ရေနံချောင်းမြို့နယ်လက်မှတ်ကုန်းနယ်မြေရဲစခန်းအား လက်ပစ်ဗုံးနှစ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်လုံးမှာ Error ဖြစ်ပြီး မကွဲခဲ့သော်လည်းကျန်တစ်လုံးမှာ စစ်ကောင်စီတပ်ရဲများနားနေဆောင်ရှေ့သို့ကျရောက်ပေါက်ကွဲခဲ့ကာထိခိုက်သေဆုံးရှိနိုင်ကြောင်း ၎င်းကဆက်​ပြောသည်။

“သွေးကြွေးတောင်းတဲ့အနေနဲ့ ကျွန်တော်တို့က လမ်းမကြီးဘေးက လက်မှတ်ကုန်းနယ်​မြေရဲစခန်းကို သွားပြီး ခွဲခဲ့တာဗျ။ ကျွန်တော်တို့က တိုက်ခိုက်မှုအတွက် ဦးဆောင်လုပ်တယ်၊ ရေနံချောင်းအဖွဲ့ကကျတော့ ပစ္စည်းအကူအညီပေးတယ်”ဟု CAF – SPUPDF တပ်ရင်းမှူး ဗိုလ်ငှက်ခါးက ပြောသည်။

ဒေသခံများ၏ ဆက်သွယ်ပြောကြားမှုများအရ တိုက် ခိုက်ခံရမှုဖြစ်ပွားပြီးနောက် အရေးပေါ်လူနာတင်ယာဥ်တစ်စီးရဲစခန်းအတွင်းဝင်ရောက်သွားပြီး ရေနံချောင်းမြို့နယ်ဆေးရုံးသို့ ပြန်လည်မောင်းနှင်သွားကာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား အတိအကျ မသိရသေးကြောင်း ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ကြသော ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့လေးဦးကို အကြမ်းဖက်စစ်ကောင် စီတပ်မှ တိုးတိုးတိတ်တိတ် ကြိုးပေးကွက်မျက်ခဲ့ခြင်းအပေါ် PDF များ၊ မြို့ပြ UG များနှင့် ပြည်သူ့ကာကဃယ်ရေးတပ်ရင်း၊ တပ်ဖွဲ့များက လက်တုန့်ပြန်တိုက်ခိုက်မှုများကို ယမန်နေ့(ဇူလိုင် ၂၅)မှ စတင်လုပ်ဆောင်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကို နယ်မြေထိန်းချုပ်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေနံချောင်း PDFတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။