Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် စစ်ကောင်စီတပ်၏ ယာဥ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေ

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ Yesagyo PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှု အခြေအနေနှင့် ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

(ရေစကြို PDF အဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Yesagyo PDF)
(ရေစကြို PDF အဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Yesagyo PDF)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်ငယ်တစ်စီး မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားတစ်ဦးနှင့်ပျူတစ်ဦး သေဆုံးခဲ့ကြောင်း Yesagyo PDFက သတင်းထုတ်ပြန်သည်။

ယနေ့(ဇူလိုင်လ ၂၈ ရက်) နံနက် ၈နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော အဖြူရောင်မှန်လုံ ကားငယ်တစ်စီးအား ဇီးကုန်းကျေးရွာနှင့် ဆင်ချောင်းကျေးရွာကြား ရွာချင်းဆက်လမ်းပေါ်ရှိ လယ်ကြီးတံတားအနီးတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

မဟာမိတ်အဖွဲ့က မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ယာဥ်ပေါ်ပါ စစ်ကောင်စီ တပ်သား ၉ ဦးအနက် စစ်သားတစ်ဦး၊ ပျူတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသွားကြောင်း Yesagyo PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါဖြစ်စဥ်အား Yesagyo PDF(ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၁၃)၊ N-YSOပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force၊ Steel Hawk(သံမဏိသိန်းငှက်)PDF -Myaing Township စသ​ည့်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ပြည်သူ့ကာကွယ် ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ Yesagyo PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှု အခြေအနေနှင့် ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဇူလိုင် ၂၄ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော အဖြူရောင် ပေါင်မုန့်ကားတစ်စီးအား ဇီးကုန်းကျေးရွာနှင့်ဇီးကုန်းကျွန်း ကျေးရွာကြား ရွာချင်းဆက် လမ်းပေါ်တွင် မဟာမိတ်အဖွဲ့က မိုင်း ၅လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း Yesagyo PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။