Connect with us

Hi, what are you looking for?

သတင်း

သန်လျင်မှာ ရေဆင်းကူးတဲ့ လူငယ်နှစ်ဦး ရေနစ်သေဆုံး

ရန်ကုန်မြို့၊သန်လျင်မြို့နယ်က ကန်နီရေကန်မှာ လူငယ်ခြောက်ဦး ရေဆင်းကူးရာက နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်း‌တွေက အသိပေးထားပါတယ်။

(ကန်နီရေကန်မှာ ရေနစ်တဲ့လူငယ်တွေကို ကယ်ဆယ်နေစဉ်။ ဓာတ်ပုံ - သန်လျင်မီးသတ်)

မေ-၁၁၊၂၀၂၆။‌ရောင်နီ/People’s Spring

ရန်ကုန်မြို့၊သန်လျင်မြို့နယ်က ကန်နီရေကန်မှာ လူငယ်ခြောက်ဦး ရေဆင်းကူးရာက နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်း‌တွေက အသိပေးထားပါတယ်။

“သန်လျင် ဂေါက်ရိုက်ကွင်း ကန်နီရေနစ်သေဆုံး ယောကျ်ားလေး ၂ဦး အား သန်လျင်ခရိုင်မီးသတ် မြို့နယ်မီးသတ် နယ်မြေခံ ရေငုပ် ရှာဖွေရာ ၂ဦးစလုံးအားနေ့ချင်းရှာဖွေတွေ့ရှိ” လို့ လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်းကအသိပေးထားပါတယ်။

ဒီနေ့(မေ ၁၁) နေ့လည် ၂ နာရီလောက်က ကန်နီရေကန်အတွင်း လူငယ်ခြောက်ဦး ရေဆင်းကူးခဲ့တာဖြစ်ပြီး နှစ်ဦးရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ သန်လျင်ခရိုင်မီးသတ်က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေကို ညနေ ၃နာရီခွဲလောက်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်းနဲ့ စကာဝါး သာရေးနာရေး အသင်းတို့က သန်လျင်ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ် လို့ သိရပါတယ်။

“သန်လျင်စက်ကန်မှာရေမကူးကြဖို့ မေတ္တာ ရပ်ခံအပ်ပါသည် ကလေးမိဘများ ခင်ဗျာ။ကျွန်တော့သားကိုတော့ ကူညီသယ်ဖို့ခေါ်သွားရင်း မျက်ဝါးထင်ထင် ဆုံးမသွန်သင်ခဲ့တယ် ဘာကြောင့် မသွားဖို့မလုပ်ဖို့ကိုပေါ့ ဖြစ်သွားရင် ဘာမှမတတ်နိုင်ဘူးလေ” လို့ လူမှူကူညီရေးအသင်းတာဝန်ရှိသူက အကြံပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊စက်ဆန်းရပ်ကွက်ရှိ ပုဇွန်တောင်ချောင်းထဲ မနေ့( ဇွန်လ ၂၆ ရက်) နေ့ခင်းပိုင်းက ရေဆင်းကူးတဲ့ အသက် ၁၄ နှစ်ဝန်းကျင် ကလေးနှစ်ဦး ရေနစ်သေဆုံးသွားတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။

သတင်း

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့မှာ မနေ့က( ဇွန်လ ၁၅ ရက်) အသက် ၁၂ နှစ်အရွယ် အမွှာမောင်နှမအပါအဝင် ကလေးငယ်သုံးဦး ရေနစ်သေဆုံးခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ အမျိုးသားတစ်‌ဦး သေဆုံးသွားတာကြောင့် သွားရောက်ကူညီခဲ့ရကြောင်း ပျဥ်းမနား အရန်မီးသတ်တပ်ဖွဲ့ KoHein Team က အသိပေးထားပါတယ်။