Connect with us

Hi, what are you looking for?

သတင်း

“နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ် ယနေ့ည စမ်းချောင်းမြို့နယ်၌ နေရာသုံးခု တွင် ဖောက်ခွဲတိုက်ခိုက်

၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအရ ရက်ပေါင်း ၆၀အတွင်း စစ်ကောင် စီပစ်မှတ် ၉၁ ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ ကျော်ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက အသိပေးသည်။

"နန်းထိုက်အောင်"စစ်ဆင်ရေး
"နန်းထိုက်အောင်"စစ်ဆင်ရေး

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နှင့်တော်လှန်ရေးသူရဲကောင်းများ ပြန်လာသော မစ်ရှင် ဟုလည်းဆို

“နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ် ယနေ့ညတွင် ရန်ကုန်မြို့ စမ်းချောင်း မြို့နယ်ရှိ ဝင်မှုကြီးကြပ်ရေးရုံးနှင့် ယာဥ်ထိန်းရဲကင်းအပါအဝင် နေရာသုံးခု တွင် ဗုံးဖောက်ခွဲတိုက်ခိုက်မှု များပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုသည် “နန်းထိုက်အောင်”စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သလို ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နှင့်တော်လှန်ရေး သူရဲကောင်းများ ပြန်လာသော မစ်ရှင်ဖြစ်သည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယနေ့(ဇူလိုင် ၂၉) ညတွင် စမ်းချောင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံး၌ ဗုံးတစ်လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ၁၁နာရီ ၃မိနစ်တွင် ရှမ်းလမ်းမီးပွိုင့် ယာဥ်ထိန်းရဲကင်းတွင် ဗုံးတစ်လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့အပြင် ၁၁နာရီ ၄မိနစ်တွင်လည်း ယာဥ်ထိန်းရဲကင်းအနီးရှိ CCTV Control Box တွင် ဗုံးတစ်လုံး ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါမစ်ရှင်များကို အနောက်ပိုင်းခရိုင်(ပကဖ)တပ်စိတ် (၁) နှင့် (၂)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းဖြစ်ဟု ဆိုသည်။

” ည ၁၁ နာရီလောက်က ဗားကရာလမ်းထောင့်မှာ ပေါက်ကွဲသံကြားရတယ်။ အကျယ်ကြီးပဲ။ ပထမတစ်ခါကြားပြီး ဆယ်မိနစ်လောက်နေတော့ နောက်တခါထပ်ကြားရတယ်။ ရှမ်းလမ်းမီးပွိုင့် ထိပ်နားက ယာဥ်ထိန်းရဲကင်း ပေါက်တာလို့ သိရတယ်။ ဒီအချိန်ဆိုတော့ လူတွေလည်း မရှိကြတော့ ထိခိုက်မှုမရှိဘူးလို့တော့ သိရပါတယ် “ဟု စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီဝင်များ ရောက်ရှိလာကာ ဗဟိုလမ်း၊ ရှမ်းလမ်းမီးပွိုင့်နှင့် အထက(၄) ကျောင်းအနီးတို့တွင် စစ်ဆေးနေကြောင်း ဒေသခံအချို့က ပြောသည်။

ထို့အပြင် ည ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် စမ်းချောင်းမြို့နယ် ဟုမ်းလမ်း၊ (၁) လမ်းသွယ်၌ အကြမ်းဖက်စစ်ကောင်စီဝင် အများအပြား ဝင်ရောက်စစ်ဆေးမှု ပြုလုပ်နေကြောင်း ဒေသခံသတင်း အရင်းအမြစ် Sanchaung Scout က ဖော်ပြထားသည်။

ယနေ့(ဇူလိုင် ၂၉)ညနေ ၆ နာရီခွဲခန့်ကလည်း “နန်းထိုက်အောင်” စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့ အင်းစိန်အကျဥ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာရှိ စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။ အဆိုပါ စစ်ဆင်ရေးကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင်တပ်ခွဲ (၄)မှ ရဲဘော်များနှင့် Toxic Boys တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအရ ရက်ပေါင်း ၆၀အတွင်း စစ်ကောင် စီပစ်မှတ် ၉၁ ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ ကျော်ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရှည်လျားလှတဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဖြန့်ကျက်မှုကာလ ပြီးဆုံးပြီးတဲ့နောက် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၁၆ ရက်နေ့မှာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။