Connect with us

Hi, what are you looking for?

သတင်း

“နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့တော်ခန်းမဘေး လက်ပစ်ဗုံး နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအရ ရက်ပေါင်း ၆၀အတွင်း စစ်ကောင် စီပစ်မှတ် ၉၁ ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ ကျော်ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက အသိပေးသည်။

"နန်းထိုက်အောင်"စစ်ဆင်ရေး
"နန်းထိုက်အောင်"စစ်ဆင်ရေး

စစ်ကောင်စီလက်ပါးစေ ရဲနှစ်ဦးထိခိုက်ဟုဆို

“နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့တော်ခန်းမ အနောက်ဘက် (ဘားလမ်းဘက် အခြမ်း)တွင် လက်ပစ်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

ယနေ့(ဇူလိုင် ၃၀ရက်) နံနက် ၁၀နာရီ မိနစ်၅၀ခန့်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြောက်ပိုင်းခရိုင် တပ်ခွဲ(၄)နှင့် ရန်ကုန်စစ်ဒေသခွဲကွပ်ကဲရေးလက်အောက်ခံ Toxic Boys အဖွဲ့ ရဲဘော်များက လက်ပစ်ဗုံး ၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ လုံးစလုံး အောင်မြင်စွာပေါက်ကွဲပြီး ရဲနှစ်ဦး ပြင်းပြင်းထန်ထန်ထိခိုက် သွားကြောင်း ၎င်းက ‌ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ မြို့တော်ခန်းမအနီး လမ်းများကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အခင်းဖြစ်ပွားသည့် ကျောက်တံတားမြို့ ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ညကလည်း “နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးနှင့် ယာဥ်ထိန်းရဲကင်းအပါအဝင် နေရာသုံးခုတွင် ဗုံးဖောက်ခွဲတိုက်ခိုက်မှု များပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၉ရက် ညနေ ၆ နာရီခွဲခန့်ကလည်း “နန်းထိုက်အောင်” စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့ အင်းစိန်အကျဥ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာရှိ စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။ အဆိုပါ စစ်ဆင်ရေးကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တပ်ခွဲ (၄)မှ ရဲဘော်များနှင့် Toxic Boys တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအရ ရက်ပေါင်း ၆၀အတွင်း စစ်ကောင် စီပစ်မှတ် ၉၁ ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ ကျော်ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရှည်လျားလှတဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဖြန့်ကျက်မှုကာလ ပြီးဆုံးပြီးတဲ့နောက် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၁၆ ရက်နေ့မှာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။