Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်ရှိ CNFနှင့် CDF ထိန်းချုပ်နယ်မြေများ၌ကျင်းပသည့် ကြားကာလ ပညာသင်ကြားရေး အတန်းတင်စာမေးပွဲ ကျောင်းသား ခုနထောင်ကျော် ဖြေဆို

လာမည့် စက်တင်ဘာတွင် ပညာသင်နှစ်အသစ် ပြန်လည်စတင်ရန် စီစဉ်ထားရာ ကျောင်းသုံးစာအုပ် ပြည့်စုံစွာ ရရှိရေး၌ အခက်အခဲရှိနေသည်ဟု ဆိုသည်။

ဓာတ်ပုံ - The Chin Journal

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ထိမ်းချုပ်နယ်မြေများ၌ ကြားကာလ ပြည်သူ့ပညာရေးဌာန ဦးဆောင်မှုဖြင့် ပထမအကြိမ် ကြားကလစာမေးပွဲကို ကျင်းပခဲ့ရာ ကျောင်းသား၊ကျောင်းသူ ခုနစ်ထောင်ကျော် ဝင်ရောက်ဖြေဆိုခဲ့သည်ဟု The Chin Journal က ဖော်ပြသည်။

အဆိုပါ စာမေးပွဲကို ဇူလိုင် ၂၅ရက်မှ ၂၇ရက်အထိ ကျင်းပခဲ့သည်ဟုဆိုသည်။

ဓာတ်ပုံ - The Chin Journal
ဓာတ်ပုံ – The Chin Journal

“ထန်တလန်မြို့နယ် တောင်ကြော ၅ခုမှာ ကြားကလစာမေးပွဲကို တစ်ပြိုင် တည်း ကျနော်တို့ပြု လုပ်ပါတယ်။ ဖြေဆိုသူကျောင်းသားကျောင်းသူ ၇၀၀၀ ကျော်ရှိကြပါတယ်။ အဲဒီ ၇,၀၀၀ ကျော်ထဲမှာ စစ်ဘေးရှောင်ကလေးတွေက ၃,၀၀၀ ခန့် ရှိကြတယ်” လို့ ထန်တလန်မြို့နယ် ကြားကာလပညာ‌ရေးဌာမှ ပညာရေးမှူး Salai Cross Thang ကပြောကြားကြောင်း The Chin Journalက ဖော်ပြထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အတန်းပြီးမြောက်အောင် မသင်ကြား နိုင်သော ကျောင်းသား၊ကျောင်းသူများကို ၆လတာကာလ သင်ကြားရေးစနစ်ဖြင့် ပညာသင်ကြားပေးခဲ့ရာ ယခု ဇူလိုင်တွင် အတန်းတင်စာမေးပွဲ ပြုလုပ်ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - The Chin Journal
ဓာတ်ပုံ – The Chin Journal

လာမည့် စက်တင်ဘာတွင် ပညာသင်နှစ်အသစ် ပြန်လည်စတင်ရန် စီစဉ်ထားရာ ကျောင်းသုံးစာအုပ် ပြည့်စုံစွာ ရရှိရေး၌ အခက်အခဲရှိနေသည်ဟု ဆိုသည်။

ပညာသင်ကြားပေနေသော ဆရာဆရာမများသည် CDM ကျောင်းဆရာ၊ဆရာမများနှင့် volunteer လူငယ်များဖြစ်ကြကြောင်း ဖော်ပြထားသည်။

ထန်တလန်မြို့နယ် ကြားကာလပညာရေးဌာအနေဖြင့် အဆိုပါ ဆရာ၊ဆရာမများအတွက် ထောက်ပံ့ကူညီပေးနိုင်ခြင်းမရှိသော်လည်း ကျေးရွာအလိုက် ပြည်သူများက တက်နိုင်သည့်ဘက်က ကူညီပေးကြောင်း၊ NUG ပညာရေးဌာနကလည်း ကျောင်းသား ဦးရေ ၅၀ တွင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ကူညီမှုပေးခဲ့ကြောင်း ထန်တလန်မြို့နယ် ကြားကာလပညာ‌ရေးဌာမှ ပညာရေးမှူးက ပြောကြားခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။