Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုတွင် တစ်ရက်တည်း အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ယမန်နေ့ည ၇နာရီ ၅၀မိနစ်ခန့်ကလည်း ရွှေဘိုမြို့နယ်၊ တဂနန်းကျေးရွာ​ရှိ အုပ်ချုပ်ရေးမှူးဟောင်း ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ လောင်းကစားဒိုင် ဦးဝင်းမြိုင်ဆိုသူအား တဂနန်းရွာ တောသွားလမ်းပေါ်တွင် အမည်မသိအဖွဲ့ တစ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

(တအုံကျေးရွာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတစ်ဦးအား PDFတစ်ဖွဲ့က လိုက်လံပစ်ခတ်ရှင်းလင်းခဲ့စဥ်၊ ပုံအဟောင်းကို အသုံးပြု ထားပါသည်)
(တအုံကျေးရွာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတစ်ဦးအား PDFတစ်ဖွဲ့က လိုက်လံပစ်ခတ်ရှင်းလင်းခဲ့စဥ်၊ ပုံအဟောင်းကို အသုံးပြု ထားပါသည်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ယမန်နေ့တစ်ရက်တည်း ကျေးရွာအုပ်ချုပ် ရေးမှူးနှစ်ဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၃၁ရက်) မွန်းလွဲ ၁နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ချောင်းဆုံရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးညွှန့်ဝင်းဆိုသူအား အမည်မသိ အဖွဲ့တစ်ဖွဲ့က ၎င်းနေအိမ်သို့ ဝင်ရောက်ပစ်ခတ် ရှင်းလင်းသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ည ၇နာရီ ၅၀မိနစ်ခန့်ကလည်း ရွှေဘိုမြို့နယ်၊ တဂနန်းကျေးရွာ​ရှိ အုပ်ချုပ်ရေးမှူးဟောင်း ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ လောင်းကစားဒိုင် ဦးဝင်းမြိုင်ဆိုသူအား တဂနန်းရွာ တောသွားလမ်းပေါ်တွင် အမည်မသိအဖွဲ့ တစ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးမှူးဟောင်းတို့ အသက်သေဆုံး ခြင်းရှိ၊မရှိ အတည်မပြုနိုင်သေးပေ။ ထို့အပြင် ၎င်းတို့နှစ်ဦးအား မည်သည့်အဖွဲ့ က ရှင်းလင်းခဲ့သည်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရွှေဘိုခရိုင်အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တရားမဝင်တာဝန်ထမ်းဆောင် လျက်ရှိသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေး တာဝန်ယူနေသူအားလုံး ၁၀ ရက်အတွင်း ရာထူးနှင့် တာဝန်ကျရာနယ်မြေမှ စွန့်ခွာကြရန် ဇူလိုင် ၁၈ ရက်တွင် သတိပေးကြေညာချက်ထုတ်ပြန်ထားသည်။

ပြီးခဲ့သ​ည့် ဧပြီအတွင်းကလည်း ရွှေဘိုမြို့နယ်၊ တအုံကျေးရွာ၏ စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတစ်ဦးအား ဒေသတွင်း PDFအဖွဲ့တစ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

Facebook