Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့ နာရီစင်ဘေး ဗုံးပေါက်ကွဲမှု ယာဉ်ထိန်းရဲထိခိုက်ဒဏ်ရာရ

ဒီပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာလည်း ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

မူဆယ်မြို့ နာရီစင်ဘေး ဗုံးပေါက်ကွဲမှု ယာဉ်ထိန်းရဲထိခိုက်ဒဏ်ရာရ
မူဆယ်မြို့ နာရီစင်ဘေး ဗုံးပေါက်ကွဲမှု ယာဉ်ထိန်းရဲထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ်ခေါင် နာရီစင်ဘေးမှာ ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့သိရပါတယ်။

မူဆယ် နာရီစင်ဘေးမှာ စစ်ကောင်စီလက်အာက်ခံ ယာဉ်ထိန်းရဲ အဖွဲ့က စစ်ဆေးရေးလုပ်နေချိန် မနက် ၁၁ နာရီခန့်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

ပေါက်ကွဲမှုကြောင့်ယာဉ်ထိန်းရဲ တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်ကနဦးသိရပါတယ်။ ဒါအပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပေမယ့် သီးခြားအတည်ပြုလို့မရသေးပါဘူး။

ဒီပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာလည်း ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကျားဖြန့်လောင်းကစားရုံ ငွေတောင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ဖမ်းဆီးရိုက်နှက်မှုဖြစ်ပွားခဲ့သည်ဟု အဆိုပါမြို့ခံများက ပြောသည်။

သတင်း

တရုတ်၏ ဖိအားအပေါ် မြောက်ပိုင်းမဟာမိတ်များအနေဖြင့် ပထဝီဝင် နိုင်ငံရေး စစ်ရေးအရသည်းခံ စိတ်ရှည်နေရသည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။

သတင်း

မန္တလေးမြို့တွင် သေနတ်ဖြင့်အနီးကပ်ပစ်ခတ်ခံရသည့် ယာဥ်ထိန်းရဲမေ အသက်သေဆုံးခြင်းမရှိဘဲ အမှတ်(၁)စစ်မြေပြင် ဆေးတပ်ရင်း၌ ဆေးရုံတက်ကုသနေရကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးမြို့တွင် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးငွေညှစ်နေသော ယာဥ်ထိန်းရဲမေတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။