Connect with us

Hi, what are you looking for?

သတင်း

လားရှိူးမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်

စစ်ကောင်စီထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ ဒီနေ့ တစ်ရက်တည်းမှာ ဗုံးပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

လားရှိူးမြို့ကို MNDAA ထိန်းချုပ်ထားစဥ်က​တွေ့ရစဥ်။ဓါတ်ပုံ- ဓာတ်ပုံ-လားရှိုးမြို့ပြန်လည်ထူထောင်ရေး

ဒီဇင်ဘာ-၂၁၊၂၀၂၅။မိထက်/People’s Spring

စစ်ကောင်စီထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ ဒီနေ့ တစ်ရက်တည်းမှာ ဗုံးပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဒီဇင်ဘာလ၂၁ရက်မနက် ၉နာရီကျော်က တစ်ကြိမ်ပေါက်ကွဲသံကြားခဲ့ပြီး ညနေ၅နာရီနဲ့ ၆နာရီခန့်မှာ နောက်ထပ်ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

“လားရှိုးမှာဘာတွေဆက်ဖြစ်မှာလဲမသိတော့ဘူး။ သုံးကြိမ်စလုံးဗုံးပေါက်ကွဲတာပါ”လို့မြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မနက်ပိုင်းပေါက်ကွဲမှုကဘယ်ရပ်ကွက်မှာဖြစ်တယ်ဆိုတာအတည်ပြုလို့မရသေးပေမယ့် ည‌နေပိုင်းပေါက်ကွဲမှုကတော့ ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ ရပ်ကွက်(၅)ထဲက လူနေအိမ်တစ်ခုအနီးမှာပေါက်ကွဲတာလို့သိရပါတယ်။

ပေါက်ကွဲမှုတွေကြောင့် ထိခိုက်မှုမရှိဘူးလို့သိရပေမယ့် အသေးစိတ်အတည်ပြုဖို့ခက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် စစ်တပ်ကမြို့ထဲမှာကင်းလှည့်နေခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီကလားရှိုးမြို့ပေါ်မှာရွေးကောက်ပွဲလုပ်ဖို့ကြိုးပမ်းနေပြီး ဒီနေ့ဗုံးပေါက်ကွဲမှုတွေက တော်လှန်ရေးအင်အားစုတွေဘက်ကနေဒေသခံတွေကိုသတိပေးတာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

လားရှိုးမြို့ကိုစစ်အုပ်စုကတရုတ်အစိုးရအကူအညီနဲ့ ပြီးခဲ့တဲ့ဧပြီလက ကျည်တစ်ချက်မ​ဖောက်ရဘဲ ကိုးကန့်တပ်(MNDAA)ထံကနေ ပြန်လည်လွှဲ​ပြောင်းရယူနိုင်ခဲ့တာပါ။ မြို့ပေါ်ကိုသာထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်းကျင်ကရွာတွေကို MNDAAက ဆက်လက်ထိန်းချုပ်ထားပါတယ်။ MNDAA ထိန်းချုပ်ထားတဲ့နေရာတွေမှာပါ ရွေးကောက်ပွဲလုပ်ဖို့အတွက်စစ်ကောင်စီကကြိုးစားနေပေမယ့် မဲပုံးတောင်ချခွင့်ပေးမှာမဟုတ်ဘူးလို့ MNDAAရဲ့ သတင်းပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်ကတစ်ဆင့်အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လူတစ်စုက ဘုန်းကြီးကျောင်းဝင်းအတွင်းဝင်လာပြီး သံဃာတစ်ပါး သတ်ဖြတ်သွားပါတယ်။

သတင်း

■ MNDAAနှင့် TNLA ထိန်းချုပ်ဒေသများကိုလေကြောင်းကင်းထောက်နေ ယောနသံ/People’s Spring လားရှိုးမြို့ကို စစ်ကောင်စီကလေကြောင်းမှ အင်အားပို့နေသလို MNDAA နှင့် TNLA ထိန်းချုပ်ထားသည့် မြို့နယ်အချို့ကို လေကြောင်းမှကင်းထောက်မှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံအချို့က​ပြောသည်။ လားရှိုးမြို့သို့ ဇွန်လ ၄ရက်က စစ်ကောင်စီ တပ်ရဟတ်ယာဉ်အချို့ ဆင်းသက်ခဲ့သလို MNDAA...

သတင်း

တရုတ်အစိုးရ၏အစီအစဉ်ဖြင့်တရုတ်နိုင်ငံကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးနေသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် စစ်ကောင်စီဆွေးနွေးပွဲတွင် သဘောတူညီချက်မရရှိဘဲ ပြီးဆုံသွားပြီးနောက် လားရှိုးမြို့၌လေကြောင်းအန္တရာယ်သတိပေးချက်ကို MNDAA ၏ လားရှိုးမြို့ပြန်လည်ထူ​ထောင်​ရေး​ဆောင်ရွက်​နေသူတဦးက သတိပေးသည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)တပ်များ လားရှိုးမြို့၌ ဆက်ရှိနေပြီး နောင်လများအတွင်း ပုံမှန်လုပ်ဆောင်ရမည့် ကိစ္စရပ်များအတွက် ညွှန်ကြားမှုများဆက်ရှိနေကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။