Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင် စစ်ကောင်စီတပ်သတင်းပေး ပျူစောထီးအဖွဲ့ဝင် စည်ပင်အရာရှိကို ပစ်ခတ်ရှင်းလင်း

ယနေ့ (သြဂုတ် ၁ရက်) နံနက် ၇နာရီဝန်းကျင်က အဆိုပါ စည်ပင်အရာရှိအား မုံရွာမြို့ပေါ်ရပ်ကွက် တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(မုံရွာမြို့တွင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ- Cj)
(မုံရွာမြို့တွင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ- Cj)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကိုဝေမိုးနိုင်အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ များအား ဖမ်းဆီးရန် သတင်းပေးခဲ့သူဟု ဆိုသည့် စည်ပင်အရာရှိတစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်၊ မုံရွာတပ်ခွဲ PGFက သတင်း ထုတ်ပြန်သည်။

ယနေ့ (သြဂုတ် ၁ရက်) နံနက် ၇နာရီဝန်းကျင်က အဆိုပါ စည်ပင်အရာရှိအား မုံရွာမြို့ပေါ်ရပ်ကွက် တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဦးသုခဟုအမည်ရသည့် သေဆုံးသူ စည်ပင်အရာရှိသည် မုံရွာမြို့သပိတ် ဦးဆောင်သူ ကိုဝေမိုးနိုင် အားဖမ်းဆီးရန် သတင်းပေးခြင်း၊ ချမ်းမြဝတီရပ်ကွက်၊ ရတနာပုံရပ်ကွက်၊ ဘုန်းဆိုးရပ်ကွက်များရှိ ရဲဘော်များအား ဖမ်းဆီးရန်သတင်းပေးခြင်း၊ အကြမ်းဖက်စစ်ကောင်စီတပ် အစစ်အဆေးရှိသည့် နေရာများအထိ လိုက်လံသတင်းပေးသော ပျူစောထီးအဖွဲ့ဝင်တစ်ဦးပါဖြစ်နေ၍ သုတ်သင်ရှင်းလင်း ခဲ့ကြောင်း မြန်မာ့တော်ဝင် နဂါးတပ်တော်၊ မုံရွာတပ်ခွဲ PGF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မြန်မာ့တော်ဝင် နဂါးတပ်တော်၊ မုံရွာတပ်ခွဲ PGFထံ ဆက်သွယ်မေးမြန်း ထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က မုံရွာမြို့တွင် ပြည်သူများ ဆိုင်ကယ်နှစ်ယောက်ပိုးမစီးရန် အဓမ္မတားမြစ် ထားပြီး ယနေ့နံနက်ပိုင်းကလည်း မြို့ပေါ်နေရာအနှံ့စစ်ဆေးနေ ကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။