Connect with us

Hi, what are you looking for?

သတင်း

မြင်းမူနယ် လက်ပံကျင်းရွာအတွက် တန်ပြန်မိုင်းစစ်ဆင်ရေးပြုလုပ်

စစ်ကောင်စီ၏ယာဥ် ၈ စီး မိုင်းထိမှန်ခဲ့ပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း၊ ငါးဦးသေဆုံးပြီး ၃ဝ ကျော် ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရသူများအနက် ၁၀ဦးထက်မနည်းသေဆုံးနိုင်ကြောင်း CDSOM အဖွဲ့က​ အသိပေးသည်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM၏ ရဲဘော်များ အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-CDSOM
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM၏ ရဲဘော်များ အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-CDSOM

စစ်ကောင်စီတပ်ယာဥ်တန်းကို လေးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ငါးဦးသေဆုံး ကြောင်း CDSOM ပြော

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် လက်ပံကျင်းအတွက် တန်ပြန်မိုင်းစစ်ဆင်ရေး အဖြစ် အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းအား လေးကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၃၀ကျော် ဒဏ်ရာအပြင်းအထန်ရရှိ ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) အဖွဲ့က ပြောသည်။

ယမန်နေ့ (သြဂုတ် ၂ ရက်)မွန်းလွဲ ၁နာရီခွဲခန့်က စစ်ကိုင်းမှမုံရွာမြို့သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ၃၂စီးပါ ယာဥ်တန်းအား ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပကျေးရွာကြား တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ ၄၉ မိနစ်တွင် အလ္လကပ္ပနှင့် ဘိုးမင်းကြီးကင်းကြားတွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၃၇ မိနစ်တွင် ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကြားတွင်တစ်ကြိမ် စုစုပေါင်း လေးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း CDSOM အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီ၏ယာဥ် ၈ စီး မိုင်းထိမှန်ခဲ့ပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း၊ ငါးဦးသေဆုံးပြီး ၃ဝ ကျော် ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရသူများအနက် ၁၀ဦးထက်မနည်းသေဆုံးနိုင်ကြောင်း CDSOM အဖွဲ့က​ အသိပေးသည်။

အထက်ပါစစ်ဆင်ရေးကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM၊ Black Eagle Defence Force-MMU၊ People’s Defence Force Myinmu-MMU PDF၊ Myinmu Civil Revolution Force CRF-Myinmu၊ Myinmu Guerilla Force စသည့်မဟာမိတ်၅ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်ပြီး CDSOM အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ People’s Springက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်ပံကျင်းရွာအား စစ်ကောင်စီတပ်က သြဂုတ် ၁ရက်နှင့်၂ရက်တွင် ရဟတ်ယာဥ်များဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းကာ ဒေသခြံပည်သူ၁၀ ဦးထက်မနည်း သတ်ဖြတ်သွားခဲ့သည်။ ထို့ကြောင့် ယခုမိုင်းစစ်ဆင်ရေးဖြင့် တုန့်ပြန်လိုက်ခြင်းဖြစ်ကြောင်း CDSOM အဖွဲ့က ပြောသည်။

ယမန်နေ့ကလည်း မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တန်း ခုနစ်ကြိမ် ထက်မနည်းတိုက်ခိုက်ခံရကာ သေဆုံးထိခိုက်သူအများအပြားရှိ ကြောင်း ဒေသတွင်းအဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရှည်လျားလှတဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဖြန့်ကျက်မှုကာလ ပြီးဆုံးပြီးတဲ့နောက် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၁၆ ရက်နေ့မှာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။