Connect with us

Hi, what are you looking for?

သတင်း

တပ်ထောက်ခံပွဲပြုလုပ်ရန် ပြင်ဆင်နေ​သောစစ်​ကောင်စီတပ်ကို​ပြောက်ကျားအဖွဲ့ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

မြိုင်သည် စစ်​ကောင်စီတပ်အ​ပေါ်ခုခံ​တော်လှန်မှုအား​ကောင်း​သော​ဒေသဖြစ်သည်။ စစ်​ကောင်စီက​ဒေသခံ ပြည်သူများအလာမခံဘဲ ၎င်းတို့အမာခံလူတစ်ချို့ဖြင့်လုံခြုံ​ရေး မြှင့်၍ ဟန်ပြတပ်​ထောက်ခံပွဲများကို ​ဒေသအနှံတွင် ပြုလုပ်ခဲ့သည်။

(BlackGod ပြောက်ကျားတပ်ဖွဲ့ (မြိုင်)ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင်တွေ့ရစဥ်။ ။ဓါတ်ပုံ-BlackGod)
(BlackGod ပြောက်ကျားတပ်ဖွဲ့ (မြိုင်)ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင်တွေ့ရစဥ်။ ။ဓါတ်ပုံ-BlackGod)

မကွေးတိုင်း၊ မြိုင်မြို့၌ တပ်ထောက်ခံပွဲ ပြုလုပ်ရန်ပြင်ဆင်နေစဥ် အကြမ်းဖက်စစ်တပ် တပ်စွဲရာ မြို့အဝင်စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့ (မြိုင်)ကသတင်းထုတ်ပြန်သည်။

သြဂုတ်လ ၁ရက်နေ့ နံနက် ၁၁နာရီခွဲခန့်က မြိုင်မြို့ထဲတွင် အကြမ်းဖက်စစ်တပ် ထောက်ခံပွဲပြုလုပ်ရန် ပြင်ဆင်နေကြစဉ် ယခင်ကတည်းက အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲထားသော မြိုင်မြို့ အနောက်ဘက်အဝင် ကိုးဆောင်ကျောင်းအတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၈၀ မမ၊ ၁၀၀ မမ၊ ၁၂၀ မမ စသည့် လက်လုပ်လက်နက်ကြီးများဖြင့် အချက်နှစ်ဆယ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း လက် နက်ကြီးများဖြင့် လေးချက်ခန့် ပြန်လည် ပစ်ခတ်ရာ မိနစ်သုံးဆယ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(BlackGod ပြောက်ကျားတပ်ဖွဲ့ (မြိုင်)ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင်တွေ့ရစဥ်။ ။ဓါတ်ပုံ-BlackGod)
(BlackGod ပြောက်ကျားတပ်ဖွဲ့ (မြိုင်)ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင်တွေ့ရစဥ်။ ။ဓါတ်ပုံ-BlackGod)

ဖြစ်စဥ်နှင့်ပတ်သက်၍ BlackGod ပြောက်ကျားတပ်ဖွဲ့(မြိုင်)၏ တာဝန်ရှိသူက “ကိုးဆောင်ကျောင်းက မြိုင်မြို့ အနောက်ဘက်တံခါးဝမှာပါ။ ​ွေးတွေက ၂၀၂၁ ထဲကတည်းက အဲဒီမှာတပ်စွဲနေတာ။ မြို့အဝင်မှာပါ။ စစ်ဆေးရေးဂိတ်လုပ်ထားတာ။ အဲဒီနေ့က မြိုင်မြို့ထဲမှာ တခြားက တပ်တွေရောအင်အားဖြည့်ထားတာ။ တပ်ထောက်ခံပွဲကို လုံခြုံရေးထပ်ဖြည့်တဲ့သဘောပါပဲ။ နေတာက ကျောင်းထဲမှာနေပြီး မြို့အဝင်မှာ စစ်ဆေးရေးဂိတ်လုပ်ထားတာ။ အဲဒီနေရာကိုတိုက်တာပါ။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးကို BlackGod ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ တရုတ်ကြီးပြောက်ကျားတပ်ဖွဲ့.(မြိုင်)၊ မိုက်ခဲပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့် အခြားသောဒေသခံ မဟာမိတ်ညီအဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်​သေဆုံးမှု များနိုင်ပြီးပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

မြိုင်သည် စစ်​ကောင်စီတပ်အ​ပေါ်ခုခံ​တော်လှန်မှုအား​ကောင်း​သော​ဒေသဖြစ်သည်။ စစ်​ကောင်စီက​ဒေသခံ ပြည်သူများအလာမခံဘဲ ၎င်းတို့အမာခံလူတစ်ချို့ဖြင့်လုံခြုံ​ရေး မြှင့်၍ ဟန်ပြတပ်​ထောက်ခံပွဲများကို ​ဒေသအနှံတွင် ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။