Connect with us

Hi, what are you looking for?

သတင်း

ဇေယျာသော်စစ်ဆင်ရေးအနေဖြင့် လက်ပံတန်းနယ်မှ သတင်းပေးရာအိမ်မှူးကို ရှင်းလင်း

ဩဂုတ် ၃ ရက် ည ၁၀နာရီခန့်တွင် ရေချိုးနေသည့် သတင်းပေး ရာအိမ်မှူးကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊တပ်ခွဲ – ၄ ၊ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံဒေါင်းလေးအဖွဲ့က သေနတ်ဖြင့် နှစ်ချက် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

လက်ပံတန်းနယ်
လက်ပံတန်းနယ်

ဇေယျာသော်စစ်ဆင်ရေးအနေဖြင့် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ဥတိုချောင်းဖျားကျေးရွာမှ စစ်ကောင်စီတပ်သတင်းပေး ရာအိမ်မှူးကို ရှင်းလင်းခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဩဂုတ် ၃ ရက် ည ၁၀နာရီခန့်တွင် ရေချိုးနေသည့် သတင်းပေး ရာအိမ်မှူးကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊တပ်ခွဲ – ၄ ၊ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံဒေါင်းလေးအဖွဲ့က သေနတ်ဖြင့် နှစ်ချက် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“ဇေယျာသော်စစ်ဆင်ရေးအဖြစ်ဒလန်ရှင်းလင်းရာပေါင်အားတစ်ချက် ခေါင်းအားတစ်ချက် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပတ်ကင်းရောက်လာကာ ပြန်လည်ဆုတ်ခွာလာခဲ့ရ၍ ဒလန်မြင်ဦး၏ အခြေအနေအားသေမသေ မသိရှိရသေး၍စုံစမ်းနေဆဲဖြစ်ပါသည်။”ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါရာအိမ်မှူးသည် အကြမ်းဖက်စစ်ကောင်စီတပ်ကိုဆန့်ကျင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ဒေသခံပြည်သူများနှင့် CDM ဝန်ထမ်းများကို ဖမ်းဆီးခိုင်းခြင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အချက်အလက်များကို စစ်ကောင်စီထံ သတင်းပို့ခြင်း ၊ မီတာခများအတင်းကောက်ခံခြင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဆဲဆို၍ စိန်ခေါခြင်း စသည့်သတင်းပေးချက်များကို စိစစ်အတည်ပြု၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စုကို အားပေးနေသည့် စစ်ကောင်စီထောက်တိုင်များကို အမြစ်ပြတ်ရှင်းလင်းမည့် ဇေယျာသော် စစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်မှူများ စတင်နေပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီထောက်တိုင် များအနီးသို့ လုံးဝသွားလာခြင်းမပြုရန်ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းပြန်လာတဲ့ လူငယ်က ရာအိမ်မှူးကို ဓားနဲ့ထိုးတဲ့အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။