Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဇေယျာသော်စစ်ဆင်ရေးအနေဖြင့် လက်ပံတန်းနယ်မှ သတင်းပေးရာအိမ်မှူးကို ရှင်းလင်း

ဩဂုတ် ၃ ရက် ည ၁၀နာရီခန့်တွင် ရေချိုးနေသည့် သတင်းပေး ရာအိမ်မှူးကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊တပ်ခွဲ – ၄ ၊ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံဒေါင်းလေးအဖွဲ့က သေနတ်ဖြင့် နှစ်ချက် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

လက်ပံတန်းနယ်
လက်ပံတန်းနယ်

ဇေယျာသော်စစ်ဆင်ရေးအနေဖြင့် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ဥတိုချောင်းဖျားကျေးရွာမှ စစ်ကောင်စီတပ်သတင်းပေး ရာအိမ်မှူးကို ရှင်းလင်းခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဩဂုတ် ၃ ရက် ည ၁၀နာရီခန့်တွင် ရေချိုးနေသည့် သတင်းပေး ရာအိမ်မှူးကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊တပ်ခွဲ – ၄ ၊ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံဒေါင်းလေးအဖွဲ့က သေနတ်ဖြင့် နှစ်ချက် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“ဇေယျာသော်စစ်ဆင်ရေးအဖြစ်ဒလန်ရှင်းလင်းရာပေါင်အားတစ်ချက် ခေါင်းအားတစ်ချက် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပတ်ကင်းရောက်လာကာ ပြန်လည်ဆုတ်ခွာလာခဲ့ရ၍ ဒလန်မြင်ဦး၏ အခြေအနေအားသေမသေ မသိရှိရသေး၍စုံစမ်းနေဆဲဖြစ်ပါသည်။”ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါရာအိမ်မှူးသည် အကြမ်းဖက်စစ်ကောင်စီတပ်ကိုဆန့်ကျင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ဒေသခံပြည်သူများနှင့် CDM ဝန်ထမ်းများကို ဖမ်းဆီးခိုင်းခြင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အချက်အလက်များကို စစ်ကောင်စီထံ သတင်းပို့ခြင်း ၊ မီတာခများအတင်းကောက်ခံခြင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဆဲဆို၍ စိန်ခေါခြင်း စသည့်သတင်းပေးချက်များကို စိစစ်အတည်ပြု၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စုကို အားပေးနေသည့် စစ်ကောင်စီထောက်တိုင်များကို အမြစ်ပြတ်ရှင်းလင်းမည့် ဇေယျာသော် စစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်မှူများ စတင်နေပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီထောက်တိုင် များအနီးသို့ လုံးဝသွားလာခြင်းမပြုရန်ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း

သက်ဆိုင်ရာဒေသအလိုက် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် ကူညီသူများကို အရေးယူမည်ဟု ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တစ်ခုတည်းမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရန် ဖြစ်ကြောင်း ပြောသည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။