Connect with us

Hi, what are you looking for?

သတင်း

ကိုဂျင်မီ​၏ နေအိမ်ဆူပူမှုတွင်ပါဝင်သည့် အင်းစိန်က အုပ်ကြီး ရှင်းလင်းခံရ

ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်သည်ယနေ့(သြဂုတ် ၄ ရက်)နေ့လည် ၁၂ နာရီခန့်ကပိန္နဲကုန်းရပ်ကွက်၊ ရွာသစ်(၄) လမ်း၌ သေနတ်ဖြင့် လေးချက်ထက်မနည်း ပစ်ခတ်ခံရခြင်းဟု ဆိုသည်။

People's Spring
People's Spring

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်သည်ယနေ့(သြဂုတ် ၄ ရက်)နေ့လည် ၁၂ နာရီခန့်ကပိန္နဲကုန်းရပ်ကွက်၊ ရွာသစ်(၄) လမ်း၌ သေနတ်ဖြင့် လေးချက်ထက်မနည်း ပစ်ခတ်ခံရခြင်းဟု ဆိုသည်။

“ပြီးခဲ့တဲ့ရက်က ကိုဂျင်မီအိမ်ကို ဆူပူသောင်း ကျန်းတော့သူလည်း အလိုတူအလိုပါပဲ။သူ့ အမေအိမ်အရှေ့မှာပဲ ပစ်ခံရတာလို့ သိရတယ်။နေရာတင် ပွဲချင်းပြီးတယ်”ဟု ပိန္နဲကုန်းရပ်ကွက် နေ သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင် စီတပ်က ရပ်ကွက်အတွင်းစစ်ဆေးမေးမြန်းမှုများရှိပြီး ဖမ်းဆီးခံရသူမရှိကြောင်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဥ်ကို မည်သည့် တော်လှန်ရေးအင်အား စုအဖွဲ့ကဆောင်ရွက်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော် လက်ရှိတွင် ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားတွင်ပါဝင်နေသော သာကေတ၊ကွမ်းခြံကုန်းနှင့် မဂ်လာဒုံ မြို့နယ်တို့ရှိ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများ ပစ်သတ်ခံထားရသည်။

ဆက်စပ်သတင်းများ

ကဗျာ

သူ့အကြောင်း တွေးမိရင်ကို ပေါ်လာတဲ့ ဝိသေသတွေက ထင်းခနဲပဲ။သူက နိုင်ငံရေးမှာ ပါတီကို အာရုံမကျဘူး။မတရားမှုမှန်သမျှကို ခါးခါးသီးသီးမုန်းတယ်၊ တွန်းလှန်တယ်၊တရားတာကို မြတ်နိုးတယ်။တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတာ သူ့အဘိဓမ္မာဘဲ။သူက ဘယ်တုန်းကမှ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘူး။ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့လူ။လိုအပ်နေတဲ့သူတွေကို ကူညီပေးရမယ်ဆိုတာ သူ့နိုင်ငံရေးပဲ။သူ နိုင်သလောက် ကူတယ်၊ကူနိုင်တဲ့သူတွေကိုလည်း ကူကြဖို့ တွန်းအားပေးတယ်။အဲ့ဒါ သူ့ဗီဇ။ကျွန်တော်အရမ်းကြိုက်ပြီး...

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။