Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်က လက်ပန်ကျင်းရွာ​ရှိ ကလေးငယ်များ စာသင်နေသည့်ကျောင်းကိုပါ ရဟတ်ယာဥ်ဖြင့် ပစ်ခတ်

ကျောင်းအဆောက်အအုံနံရံများ နေရာအနှံ့ ဟောင်းလောင်းပေါက်ဖြစ်သွားခြင်း၊ ကျောင်းခေါင်မိုးနှင့် အုတ်ရေကန်၌ ​ကျည်ရာအများအပြား ထိမှန်ထားခြင်းများ တွေ့ရှိထားသည်။

အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့၍ စာသင်ကျောင်း အဆောက်အအုံ၌ တွေ့ရသည့် ကျည်ရာများနှင့် ပြိုကျပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-ကိုနွေဦး-မြောင်
အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့၍ စာသင်ကျောင်း အဆောက်အအုံ၌ တွေ့ရသည့် ကျည်ရာများနှင့် ပြိုကျပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-ကိုနွေဦး-မြောင်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ပန်ကျင်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့်စီးနင်းပစ်ခတ်ခဲ့ရာတွင် ကလေးငယ်များစာသင်ကြားနေသည့် ကျောင်းကိုပါ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့် သက်သေများ တွေ့ရှိခဲ့သည်။

ကျောင်းအဆောက်အအုံနံရံများ နေရာအနှံ့ ဟောင်းလောင်းပေါက်ဖြစ်သွားခြင်း၊ ကျောင်းခေါင်မိုးနှင့် အုတ်ရေကန်၌ ​ကျည်ရာအများအပြား ထိမှန်ထားခြင်းများ တွေ့ရှိထားသည်။

CDM ဆရာ၊ဆရာမများက ကလေးငယ်များအား စာသင်ကြားပေးနေချိန် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

Myaung CDSOM အဖွဲ့က ကိုနွေဦး-မြောင်က “ဒီပုံတွေဟာ မြင်းမူနယ် လက်ပံကျင်းရွာက စာသင်ကျောင်းကို ကလေးတွေစာသင်နေချိန် ညှပ်ပိတ်ပစ်ထားတဲ့ အပျက်အပျက်စီးပုံတွေပါ။ သနားစရာ ကလေးတွေ စာသင်ရင်း စာအုပ်တွေ လွယ်အိတ်တွေပစ်ပြီး ပြေးကြရတယ်။ တစ်ညနဲ့ ၂ရက် ​ွေးတွေရဲ့ ဖမ်းဆီးပိတ်လှောင်ခြင်းကိုခံခဲ့ရတာ စိတ်ဒဏ်ရာတွေတောင် ရကုန်နိုင်တယ်။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(သြဂုတ်၄ရက်) ညနေ ၄ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီ တပ်သည် မြင်းမူနယ် မင်းရွာပတ်လည်ကို တစ်စီး ၊ အခြားနေရာကို နှစ်စီး၊ ဂွေးပင်တောရွာမှဖြတ်ကာ တောင်ဘက်ခြမ်းမှဝင်ပြီး တစ်စီး၊ စုစုပေါင်း ရဟတ်ယာဥ် လေးစီးနှင့်ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ အပျက်အစီး ထိခိုက်မှုမသိ ရသေးကြောင်း ကိုနွေဦး-မြောင်က ပြောသည်။

အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့၍ စာသင်ကျောင်း အဆောက်အအုံ၌ တွေ့ရသည့် ကျည်ရာများနှင့် ပြိုကျပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-ကိုနွေဦး-မြောင်
အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့၍ စာသင်ကျောင်း အဆောက်အအုံ၌ တွေ့ရသည့် ကျည်ရာများနှင့် ပြိုကျပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-ကိုနွေဦး-မြောင်

အကြမ်းဖက်စစ်ကောင်စီတပ်သည် သြဂုတ်၁ရက် နံနက် ၁၁ နာရီဝန်းကျင်က လက်ပန်ကျင်းရွာကို ရဟတ်ယာဥ်ငါးစီးဖြင့် ပစ်ခတ်ခဲ့သေးသည်။

ထို့သို့ပစ်ခတ်မှု ၁နာရီကျော်ကြာပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ခန့်ကို ရဟတ်ယာဥ်သုံးစီးဖြင့် ကျေးရွာပတ်ပတ်လည်သို့ ချထားခဲ့သည်။

စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျေးရွာစာသင်ကျောင်းဝင်းအတွင်း၌ KG တန်းကလေး များ ကျောင်းသား၊ကျောင်းသူများ ဆရာ၊ဆရာမများနှင့် ကျေးရွာအတွင်းနေ ဒေသခံ ၁၀၀ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့သည်။

စစ်ကောင်စီတပ်သည် ဓမ္မာရုံနှင့် ကျေးရွာဆေးပေးခန်းတို့ကိုလည်း ပစ်ခတ်ဖျက်ဆီးခဲ့သည်။ ရွာအတွင်းရှိ နေအိမ်များ၊ ကား၊ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခြင်း၊ တန်ဖိုးရှိပစ္စည်းများ မွှေနှောက်ခိုးယူခြင်းများ ပြုလုပ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့၍ စာသင်ကျောင်း အဆောက်အအုံ၌ တွေ့ရသည့် ကျည်ရာများနှင့် ပြိုကျပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-ကိုနွေဦး-မြောင်
အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့၍ စာသင်ကျောင်း အဆောက်အအုံ၌ တွေ့ရသည့် ကျည်ရာများနှင့် ပြိုကျပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-ကိုနွေဦး-မြောင်

သြဂုတ် ၂ရက် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် လက်ပန်ကျင်းကျေးရွာနှင့် အရာတော်မြို့နယ် တောင်အစပ်ကြား ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေ မသိရသေးဘဲ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ဝင်ရဲဘော်နှစ်ဦး ကျည်ထိမှန်ကျဆုံးခဲ့ကြောင်း AK(၁)လတ်၊ M-22(၁)လတ်၊M-79(၁) လတ် ဆုံးရှုံးခဲ့ရကြောင်း MCRF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သြဂုတ် ၂ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် သားများသည် ကျေးရွာအတွင်းမှ အရာတော်နယ် အစပ်ဘက်သို့ ထွက်ခွာသွားခဲ့သည်။ ဓားစာခံအမျိုးသား ၁၅ဦးခန့်ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ယခုအချိန်ထိ ပြန်လည်လွတ်​မြောက်လာခြင်းမရှိသေးကြောင်း MCRFက အသိပေးသည်။

သြဂုတ် ၃ရက် နံနက်ပိုင်းတွင် ကျေးရွာအတွင်း၌ ကွမ်းခြံတွင်းသေဆုံး ပြည်သူတစ်ဦး၊ သေဆုံးအမျိုးသမီးတစ်ဦး၊ လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခံထားရသူ အမျိုးသားတစ်ဦး၊ ထွန်စက်မောင်းနေသူ သေဆုံးအမျိုးသားတစ်ဦး ၂ ရက်အတွင်း အပြစ်မဲ့ပြည်သူရုပ်အလောင်း လေးလောင်းအား တွေ့ရှိရကြောင်း MCRFက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းသူတွေ နေတဲ့ အဆောင်ကို တမင် မီးရှို့ခဲ့တယ်ဆိုတဲ့ သံသယကြောင့် ကင်ညာရဲတပ်ဖွဲ့ဟာ ကျောင်းသူ မိန်းကလေး ၈ ဦးကို ဖမ်းဆီးထားပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ တကူကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က မေလ ၁၃ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ စာသင်ကျောင်းဆောင် ၂ဆောင် ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။