စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် သစ်ပင်အောက်တွင် ထိုင်နေသည့် အကြမ်းဖက် စစ်ကောင်စီအုပ်စုအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ဗိုလ်တစ်ဦးသေဆုံးကြောင်း Myaung Revolution Armyက ထုတ်ပြန်သည်။
သြဂုတ် ၁ရက်က မြောင်မြို့နယ်တစ်နေရာတွင် သစ်ပင်အောက်၌ အနားယူနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများအား MRA စစ်ကိုင်းခရိုင် တပ်ရင်း(၅)က ဒရုန်းဖြင့် ဗုံးသီးချ၍ တိုက်ခိုက်ခဲ့ သည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့က သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဗိုလ်တစ်ဦး ဒဏ်ရာ ပြင်းထန်၍ မြင်းမူဆေးရုံပို့လိုက်ရကြောင်း ထိုစစ်ကြောင်းမှ လွတ်မြောက်လာသော ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများ၏ ပြောကြားချက် အရသိရသည်ဟု MRA က ဆိုသည်။
အဆိုပါ ဗိုလ်မှာ ထိုညတွင်သေဆုံးသွားသည်ဟု တိကျခိုင်လုံသောသတင်းပေး ထံမှသိရကြောင်း MRA က အသိပေးသည်။

Public Service Announcement
တိုက်ခိုက်မှုဖြစ်ပွားရာ နေရာသို့ သွားရောက်ထောက်လှမ်းခဲ့ရာ သွေးစွန်းအဝတ် များတွေ့ရှိခဲ့ သည်ဟု MRA က ထုတ်ပြန်ထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး MRA အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြု နိုင်ခြင်းမရှိသေးပေ။
Myaung Revolution Army အဖွဲ့သည် သြဂုတ်လ ၂ ရက်နေ့တွင်လည်း မုံရွာ-မန္တလေးလမ်းမ ကြီးပေါ် ဖြတ်သန်းသွားလာခဲ့သည့် (၃၆)စီးပါ စစ်ကောင်စီယာဉ်တန်းကို (၉)ကြိမ် ဆက်တိုက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား(၃၀) ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
