Connect with us

Hi, what are you looking for?

သတင်း

မြိုင် – ပခုက္ကူလမ်းအား သွားလာခြင်းလုံးဝမပြုလုပ်ရန် မြိုင်ပကဖ အရေးပေါ် သတိပေးချက်ထုတ်ပြန်

မည်သည့် အတွက်ကြောင့် ယခုကဲ့သို့ ထုတ်ပြန်သည်ကိုဖော်ပြမထားသော်လည်းမြိုင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေသည်။

မြိုင် - ပခုက္ကူလမ်း
မြိုင် - ပခုက္ကူလမ်း

ပြည်သူများ အနေဖြင့် မြိုင် – ပခုက္ကူလမ်းအား သွားလာခြင်း လုံး၀ မပြုလုပ်ရန်သတိပေး မေတ္တာရပ်ခံ ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ နေ့လည်ပိုင်း၌ အရေးပေါ်ထုတ်ပြန်သည်။

မည်သည့် အတွက်ကြောင့် ယခုကဲ့သို့ ထုတ်ပြန်သည်ကိုဖော်ပြမထားသော်လည်းမြိုင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေသည်။

ယမန်နေ့ ဩဂုတ် ၅ရက်က မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် စစ်ကောင်စီတပ်ကို မြိုင်ဂေါက်ကွင်းအနီးတွင်မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ စစ်ကောင်စီတပ်သည်မြိုင်မြို့နယ် ကျောက်ဆောက်ရွာအားမီးရှို့ပြီးပြန်အလာတွင်မိုင်းဆွဲခံရခြင်းဖြစ်ပြီးထိခိုက်သေဆုံးမှုအခြေအနေကိုမသိရသေးပေ။

စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ဩဂုတ် ၄ရက်ကမြိုင်မြို့နယ် ကျောက်ဆောက်ရွာသို့ရဟန်းသံဃာအယောင်ဆောင်၍ဝင်ရောက်လာကာပြည်သူများကိုဖမ်းဆီးခဲ့ကြောင်းမြိုင်ပကဖ က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့သို့သံဃာ​တော်များကိုအတုအယောင်ပြု၍လုပ်ဆောင်ခြင်းအားပြန်လည်တိုက်ခိုက်သွားမည်ဖြစ်၍ ရဟန်းသံဃာတော်များအနေဖြင့် မြိုင် – ပခုက္ကူလမ်းအား အသုံးမပြုစေလိုကြောင်း၊အဆိုပါ လမ်းကို ဖြတ်သန်းသွားလာမှုအား ရှောင်ကျဉ်ပေးပါရန်လျှောက်ထားကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။