Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့တွင် အရပ်သားနှစ်ဦးကို PDFဟု စွပ်စွဲပြီး ပျူစောထီးများက သတ်ဖြတ်

ထိုသို့ပစ်သတ်ပြီး ညနေပိုင်းတွင် အဆိုပါ တံတားအနီးမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်နှင့် ပျူစေထီးများက ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများ ခိုးယူသွားသည်ဟု တမူးမြို့ခံများက ပြောသည်။

တမူးမြို့
တမူးမြို့

စစ်ကိုင်းတိုင်း တမူးမြို့ ပါဟဲတံတားထိပ်တွင် အပြစ်မဲ့အရပ်သားနှစ်ဦးကို PDFများဟု စွပ်စွဲပြီး စစ်ကောင်စီတပ် လက်ပါးစေပျူစောထီးအဖွဲ့က ပစ်သတ်သွားကြောင်း တမူးမြို့ခံများက ပြောသည်။

တမူးမြို့ မြို့မရပ်ကွက်ရှိ ပါဟဲတံတားထိပ်တွင် အဆိုပါ အရပ်သားနှစ်ဦးကို ယမန့်(ဩဂုတ်၇ရက်) နံနက် ၈နာရီခွဲခန့်၌ ပျူစောထီးအဖွဲ့က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

ထိုသို့ပစ်သတ်ပြီး ညနေပိုင်းတွင် အဆိုပါ တံတားအနီးမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်နှင့် ပျူစေထီးများက ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများ ခိုးယူသွားသည်ဟု တမူးမြို့ခံများက ပြောသည်။

“အသတ်ခံရတဲ့ လူလတ်ပိုင်း နှစ်ဦးပဲ။ ဦးခေါင်းကို တည့်တည့်ပစ်သွားတာ။ ဘာကြောင့်သတ်လဲတော့မသိဘူး၊ညပိုင်းတော့ အဲ့နားက အိမ်တွေကို ပတ်မွှေနေတယ်”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အရပ်သားနှစ်ဦးကို PDFဟု စွပ်စွဲပြီး လက်လုပ်မိုင်းနှင့် လက်ပစ်ဗုံးများ သိမ်းဆည်းရမည်ဟု စစ်ကောင်စီဘက်က ဝါဒဖြန့် ထားသော်လည်း ၎င်းတို့သည့် သာမန်အရပ်သားဖြစ်သည်ဟု တမူးမြို့ခံများက ပြောသည်။

ထိုအတူ တမူးမြို့ မာန်မော်ကျေးရွာအနီးတွင်လည်း အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဩဂုတ် ၂ ရက်တွင် သတ်ဖြတ်ခဲ့သေးသည်။ ၎င်းသည် အင်ဒိုင်းရွာသားတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်က သတ်ဖြတ်ကာ မာန်မော် ကျေးရွာတွင် အလောင်းစွန့်ပစ်ထားခြင်းဖြစ်သည်။

ထိုပြင် ဇူလှိုင် ၃၁ ရက်ကလည်း စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည့် ဦးမောင်မြင့် ကို တမူးမြို့ (၁၂) ရပ်ကွက်ရှိ ဂျူးစံ ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်နေစဉ် ပျူစောထီးများက ပစ်သတ်ခဲ့သေးသည်။ ဇူလိုင် ၁၄ ရက်ကလည်း တမူးမြို့၊နန်းဖာလုံရပ်ကွက်မှ ပြည်သူတစ်ဦးကိုလည်း ပျူစောထီးများက ပစ်သတ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။