Connect with us

Hi, what are you looking for?

သတင်း

‘စမှတ်’ရုပ်ရှင် ၅ရက်အတွင်း လက်မှတ်ရောင်းရငွေ ကျပ်သိန်းလေးထောင်ကျော်ရရှိ

တော်လှန်ရေး ရန်ပုံငွေရရှိရန် လက်မှတ်ရောင်း၍ ပြသခြင်းဖြစ်သောကြောင့် ဇာတ်ကားပြသပြီးချိန်၌ အွန်လိုင်းပေါ်တွင် ပြန့်နှံ့ခြင်းမရှိစေရန် လင်းလင်းက ကြိုတင်မေတ္တာရပ်ခံခဲ့သည်။

'စမှတ်'ရုပ်ရှင် ၅ရက်အတွင်း လက်မှတ်ရောင်းရငွေ ကျပ်သိန်းလေးထောင်ကျော်ရရှိ
'စမှတ်'ရုပ်ရှင် ၅ရက်အတွင်း လက်မှတ်ရောင်းရငွေ ကျပ်သိန်းလေးထောင်ကျော်ရရှိ

စမှတ်‘ဇာတ်လမ်းတိုရုပ်ရှင်အတွက် ၅ ရက်အတွင်း လက်မှတ်ရောင်းရငွေ ကျပ်သိန်း လေးထောင်ကျော်ရရှိခဲ့ကြောင်း သရုပ်ဆောင် ချစ်သုဝေက အသိပေးထားသည်။

“စမှတ်” ရှိသမျှ​လေးနဲ့ဖြစ်​အောင်ဖန်တီးပုံ​ဖော်ကြတယ်။ရှိသမျှအား​တွေနဲ့ တလ​ငွေ ကိုရှာကြတယ် ။အခု ၅ရက်တာအတွင်း တလ​​ငွေ…သိန်း​ပေါင်း ၄၀၀၀ ရသွား​အောင် အကြိုpremium ticketဝယ်ယူအား​ပေးကြတဲ့ ပြည်သူ့အားကို အမှီလိုက်ဖို့ စ မှတ် team ၁ခုလုံး သူ့တာဝန်နဲ့သူ ​နေ့မနား ညမအိပ်ကြိုးစားခဲ့ကြတယ် “ဟု ချစ်သုဝေက ရေးသားထားသည်။

စမှတ်ဇာတ်ကားကို ဇာတ်ညွှန်း ၊ဒါရိုက်တာအဖြစ် အဆိုတော် လင်းလင်းက ဖန်တီးထားပြီး သရုပ် ဆောင် ဒေါင်း နှင့်ချစ်သုဝေ တို့ပါဝင်သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားကို ကြိုတင်လက်မှတ်များရောင်းချ၍ ပထမဆုံးပွဲစဉ်အဖြစ် ဩဂုတ် ၈ရက် နံနက် ၈ နာရီတွင် ကြည့်ရှုနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“premium ticket ပထမရုံတင်ရက် လက်မှတ်မရလိုက်သူ​တွေအားလုံးအတွက် ​ဝယ်ရတာ လွယ်ကူ​အောင်သေချာထပ်မံပြင်ဆင်ပြီး ပြန်လည်​ရောင်းချမယ့်ရက်ကို ​ကြေငြာ​ပေးသွားပါမယ်​နော်”ဟု ချစ်သုဝေက ထပ်မံအသိပေးထား သည်။

“လက်သီးဆုပ်ပြီး အဓိဌာန်သစ္စာပြုတဲ့ နောက်ဆုံးခန်းလေးက ရင်ထဲမှာ လှိုက်ပြီး ဝမ်းနည်းလွန်းလို့ အရမ်းငိုမိပါတယ်ရှင် ။ စကားလုံးလေးတွေက အားအင်တွေလည်း ဖြစ်လို့လည်း အဲ့နေရာလေးကို အကြိမ်ကြိမ်ပြန်ကြည့်မိပါတယ်”ဟု ပရိသတ်တစ်ဦးက ဇာတ်ကားနှင့်ပတ်သက်၍ မှတ်ချက်ပြုသည်။

ယင်းဇာတ်ကားကို ကြည့်ရှုလိုသူများသည် ‌မြန်မာကျပ် သုံးသောင်းဖြင့် ရုပ်ရှင်လက်မှတ်ဝယ်ယူရမည်ဖြစ်ပြီး ၎င်းတို့သတ်မှတ်ထားသည့် ရက်တွင် ပေးထားသည့် လင့်ခ်၌ ကြည့်ရှုနိုင်မည်ဖြစ်သည်။

တော်လှန်ရေး ရန်ပုံငွေရရှိရန် လက်မှတ်ရောင်း၍ ပြသခြင်းဖြစ်သောကြောင့် ဇာတ်ကားပြသပြီးချိန်၌ အွန်လိုင်းပေါ်တွင် ပြန့်နှံ့ခြင်းမရှိစေရန် လင်းလင်းက ကြိုတင်မေတ္တာရပ်ခံခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"The White Balloon ကို ခံစားခြင်း"

သရော်စာ

လော့စ်အိန်ဂျလိစ် (Los Angeles) ရဲ့ နံနက်ခင်းတစ်ခု... ဘီဗာလီဟေးလ်စ် (Beverly Hills)က ခမ်းနားတဲ့ အိမ်ကြီးထဲမှာ ဟောလိဝုဒ် နာမည်ကျော် မင်းသမီးကြီး ဒယ်မီမိုး (Demi Moore) ဟာ ကော်ဖီခွက်ကိုင်ရင်း ဖုန်းမျက်နှာပြင်ပေါ်က သတင်းတွေကို မျက်မှောင်ကြုံ့ကာ ကြည့်နေတယ်။

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

ဆောင်းပါး

စစ်အာဏာသိမ်းကာလမှာ ယက်ကန်ယက်ကန်နဲ့ သွားနေရတဲ့ မြန်မာရုပ်ရှင်တွေဟာ တစ်ကားပြီးတစ်ကား အရှုံးတွေဆက်ကာ ရုံတင်နေရတာကြာပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရုံတင်ခဲ့တဲ့ တန်းဝင်မင်းသား နေတိုးရဲ့ ဖွားဖက်တော် ရုပ်ရှင်ကတော့ ကြည့်ရှုသူ ဆိုးဆိုးရွားရွားနည်းပါးခဲ့ပါတယ်။