Connect with us

Hi, what are you looking for?

သတင်း

အိမ်ခြေ လေးထောင်ခန့်ရှိသည့် မူးကမ်းကြီးရွာကို စစ်ကောင်စီမီးရှို့၍အိမ်အနည်းငယ်သာကျန်

မူးကမ်းကြီးရွာသည် အိမ်ခြေလေးထောင်ခန့်နှင့် ဘုန်းကြီးကျောင်း ၁၅ ကျောင်းရှိသော ရွာကြီးဖြစ်သည်။ ယနေ့နံနက်အခြေအနေအရ ရွာတွင် အိမ်ခြေဆယ်ဂဏန်းခန့်သာ အ​ကောင်းအတိုင်းကျန်ရှိတော့သည်ဟု ဒေသခံများကပြောသည်။

(မူးကမ်းကြီးရွာမီး​လောင်ကျွမ်း​နေစဥ် ။ ။ဓါတ်ပုံ-CJ)
(မူးကမ်းကြီးရွာမီး​လောင်ကျွမ်း​နေစဥ် ။ ။ဓါတ်ပုံ-CJ)

ဒီပဲယင်းမြို့နယ်တွင် အိမ်ခြေလေးထောင်ခန့်ရှိသည့်မူးကမ်းကြီးရွာကို စစ်​ကောင်စီတပ်က မီးထပ်ရှို့သဖြင့်အိမ်အနည်းငယ်သာအ​ကောင်းအတိုင်းကျန်ရှိ​​ကြောင်း ​ဒေသခံများက​ပြောသည်။

ရွာလုံးကျွတ်မီးရှို့​နေသော စစ်ကောင်စီတပ်ကို ပြန်တိုက်ခိုက်ရန်အတွက် ဖောက်ခွဲရေးမိုင်းများလိုအပ်နေပြီး ပြည်သူများ ထောက်ပံ့လှူဒါန်းပေးကြရန် ပြည်သူ့ကာကွယ်ရေး ရဲဘော်များက တောင်းဆိုသည်။

ဒီပဲယင်းမြို့နယ် မူးကမ်းကြီး ရွာကို စစ်ကောင်စီက သြဂုတ် ၉ ရက်တွင်စတင်မီးရှို့ပြီးယ​နေ့တွင်လည်း စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ယနေ့(သြဂုတ် ၁၀ရက်)တွင်လည်း ထပ်မံမီးရှို့နေသည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် တောင်သူလယ်သမားအဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ ဘယ်လိုမှ ပြန်မပစ်နိုင်ဘူး။ သူတို့က ကျည်တွေ ပုံကျသွားတဲ့အထိ ပစ်တာကြောင့် ခေါင်းတောင် ဖော်မရဘူး။ အဓိက ကျွန်တော်တို့ လုပ်နိုင်တာမိုင်းဆွဲတိုက်ခိုက်တာပဲ။ အဲ့ဒီအတွက် မိုင်းတွေလိုအပ်နေတယ်။ ကျွန်တော်တို့ကို ကူညီပေးကြပါ” ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးရဲဘော်ကပြောသည်။

Public Service Announcement

Public Service Announcement

မူးကမ်းကြီးရွာသည် အိမ်ခြေလေးထောင်ခန့်နှင့် ဘုန်းကြီးကျောင်း ၁၅ ကျောင်းရှိသော ရွာကြီးဖြစ်သည်။ ယနေ့နံနက်အခြေအနေအရ ရွာတွင် အိမ်ခြေဆယ်ဂဏန်းခန့်သာ အ​ကောင်းအတိုင်းကျန်ရှိတော့သည်ဟု ဒေသခံများကပြောသည်။

(မူးကမ်းကြီးရွာမီး​လောင်ကျွမ်း​နေစဥ် ။ ။ဓါတ်ပုံ-CJ)
(မူးကမ်းကြီးရွာမီး​လောင်ကျွမ်း​နေစဥ် ။ ။ဓါတ်ပုံ-CJ)

“ကျွန်တော်တို့ စစ်ကြောင်းကို ပတ်ပြီးရှောင်နေရတုန်းပါ။ ဒီမနက်လည်း မီးထပ်ရှို့နေပါတယ်။ ရွာမှာ အိမ်ဆယ်ဂဏန်းလောက်ပဲ ကျန်တော့မယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

မူးကမ်းကြီးရွာမှ သံဃာနှစ်ပါးနှင့် ဒေသခံအချို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်များအား မတိုက်ဘဲ အရပ်သားနေအိမ်များအား အကြမ်းဖက်ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်ကို လက်နက်ခဲယမ်းအလုံအလောက်ရှိပါက ရင်ဆိုင်တိုက်ခိုက်စိတ် ပြင်းထန်​နေ​ကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

” ရဲဘော်တစ်ယောက်စီမှာ သေနတ်ကျည် ၁၅ တောင့်လောက်နဲ့ တိုက်နေရတာ။ စစ်ခွေးတွေက ကျည်တွေ စိတ်ထင်တိုင်းပစ်နေတာ” ဟု မူးကမ်းကြီးရွာ အကြမ်းဖက်တိုက်ခိုက်ခံနေရသည့် အခြေအနေကို ပြည်သူကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

Facebook