Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တနိုင်း လီဒိုလမ်းအနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်စခန်းကို KIA တိုက်ခိုက်နေ

စစ်ကောင်စီ၏ ခလရ(၂၉၇)တပ်ရင်းနှင့် အဆိုပါတပ်နှင့် ဆက်စပ်နေသည့် ဝါရာဇွပ်ဌာနေ ပြည်သူ့စစ်စခန်းကို KIA တပ်ရင်း(၁၄) ရဲဘော် များက ဩဂုတ် ၁၁ရက် နံနက် ၂နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တနိုင်း လီဒိုလမ်းအနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်စခန်းကို KIA တိုက်ခိုက်နေ
တနိုင်း လီဒိုလမ်းအနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်စခန်းကို KIA တိုက်ခိုက်နေ

ကချင်ပြည်နယ် ဟူးကော်းဒေသ တနိုင်းမြို့ လီဒိုလမ်း ရှဒူးဇွပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ယနေ့ နံနက် အစောပိုင်း၌ ဝင်ရောက်တိုက်ခိုက်လျက်ရှိပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီ၏ ခလရ(၂၉၇)တပ်ရင်းနှင့် အဆိုပါတပ်နှင့် ဆက်စပ်နေသည့် ဝါရာဇွပ်ဌာနေ ပြည်သူ့စစ်စခန်းကို KIA တပ်ရင်း(၁၄) ရဲဘော် များက ဩဂုတ် ၁၁ရက် နံနက် ၂နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုတောင်မှ အသံကြားနေတုန်း။တွယ်နေကြတယ်။ ရှဒူးဇွပ် ရွာကုန်းမှာ ၂၉၇ တပ်ရင်းရှိတယ်။ အဲဒီ ၂၉၇ တပ်ရင်းမှာရော ပြည်သူ့စစ်စခန်းကိုရော သွားတိုက်တာ။နှစ်နေရာပေါ့။ သူတို့က အဲဒီမှာ တစ်ဆက်တည်းဖြစ်နေတာ” ဟု ဒေသခံက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများ ပြုလုပ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်၍ မရဖြစ်နေကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“တစ်အိမ်တက် တစ်အိမ်ဆင်း အဲဒီလိုမျိုး စစ်ဆေးနေတယ်။ ဒါက ၂၉၇ တပ်က စစ်ဆေးနေတာ။ လောလောဆယ် စစ်ဆေးနေတာ အခုအချိန်ထိ။ အထိအခိုက်ပိုင်းဆိုင်ရာတော့ ဘာမှ မသိသေးဘူး။ ရှိလည်းရှိမှာပဲ ဒီလောက်အကြာကြီးတိုက်နေတာ အထိအခိုက်က။ အသေးစိတ်တော့ မသိသေးဘူး”ဟု ဒေသခံက ပြောသည်။

အဆိုပါ တပ်စခန်းသည် အင်အားကောင်းသည့် ပြည်သူ့စစ်စခန်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် လုံခြုံရေးအတွက် ရှိနေသည့် အနေအထားဖြစ်ကြောင်း ၎င်းက ဆိုသည်။

” ဒေသအခြေအနေကျတော့ ကျွန်တော်တို့ ပြည်သူဘက်က ဘာပဲဖြစ်ဖြစ် စိုးရိမ်တယ် စစ်ဖြစ်တယ်ဆိုတာကတော့ ။ ဒါပေမဲ့ ဖြစ်သင့်ဖြစ်ထိုက်လို့ တစ်နိုင်ငံလုံး ဖြစ်နေတဲ့အတွက်ကြောင့် ဒါကတော့ ရွာသူရွာသားတွေ မထိခိုက်ရင်တော့ အကောင်းဆုံးလို့မြင်တယ်”ဟု ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး KIA သတင်းနှင့် ပြန်ကြားရေး သို့ ဆက်သွယ်နေဆဲ ဖြစ်သည်။

KIA အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖားကန့်မြို့နယ်ရှိ ဆယ်ဇင်းဒေသရှိ စစ်ကောင်စီတပ်စခန်း တစ်ခုနှင့် ရှမ်းနီ SNA တပ်စခန်း တစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဆယ်ဇင်းရဲစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဆယ်ဇင်းရွာအပါအဝင် အနီးတဝိုက်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီနှင့် ရှမ်းနီ SNA တပ်တို့က ဆယ်ဇင်းရွာကို မီးရှို့ခဲ့ကြ သည်ဟု ဒေသခံကပြောသည်။ စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဒေသခံများ သေဆုံးထိခိုက်ရှိသကဲ့သို့ ဆယ်ဇင်းဘုန်းကြီးကျောင်း၌ ပိတ်မိနေသည့် ဒေသခံများကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ပြုလုပ်ထားသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။