Connect with us

Hi, what are you looking for?

သတင်း

တနိုင်း လီဒိုလမ်းအနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်စခန်းကို KIA တိုက်ခိုက်နေ

စစ်ကောင်စီ၏ ခလရ(၂၉၇)တပ်ရင်းနှင့် အဆိုပါတပ်နှင့် ဆက်စပ်နေသည့် ဝါရာဇွပ်ဌာနေ ပြည်သူ့စစ်စခန်းကို KIA တပ်ရင်း(၁၄) ရဲဘော် များက ဩဂုတ် ၁၁ရက် နံနက် ၂နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တနိုင်း လီဒိုလမ်းအနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်စခန်းကို KIA တိုက်ခိုက်နေ
တနိုင်း လီဒိုလမ်းအနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်စခန်းကို KIA တိုက်ခိုက်နေ

ကချင်ပြည်နယ် ဟူးကော်းဒေသ တနိုင်းမြို့ လီဒိုလမ်း ရှဒူးဇွပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ယနေ့ နံနက် အစောပိုင်း၌ ဝင်ရောက်တိုက်ခိုက်လျက်ရှိပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီ၏ ခလရ(၂၉၇)တပ်ရင်းနှင့် အဆိုပါတပ်နှင့် ဆက်စပ်နေသည့် ဝါရာဇွပ်ဌာနေ ပြည်သူ့စစ်စခန်းကို KIA တပ်ရင်း(၁၄) ရဲဘော် များက ဩဂုတ် ၁၁ရက် နံနက် ၂နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုတောင်မှ အသံကြားနေတုန်း။တွယ်နေကြတယ်။ ရှဒူးဇွပ် ရွာကုန်းမှာ ၂၉၇ တပ်ရင်းရှိတယ်။ အဲဒီ ၂၉၇ တပ်ရင်းမှာရော ပြည်သူ့စစ်စခန်းကိုရော သွားတိုက်တာ။နှစ်နေရာပေါ့။ သူတို့က အဲဒီမှာ တစ်ဆက်တည်းဖြစ်နေတာ” ဟု ဒေသခံက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများ ပြုလုပ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်၍ မရဖြစ်နေကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“တစ်အိမ်တက် တစ်အိမ်ဆင်း အဲဒီလိုမျိုး စစ်ဆေးနေတယ်။ ဒါက ၂၉၇ တပ်က စစ်ဆေးနေတာ။ လောလောဆယ် စစ်ဆေးနေတာ အခုအချိန်ထိ။ အထိအခိုက်ပိုင်းဆိုင်ရာတော့ ဘာမှ မသိသေးဘူး။ ရှိလည်းရှိမှာပဲ ဒီလောက်အကြာကြီးတိုက်နေတာ အထိအခိုက်က။ အသေးစိတ်တော့ မသိသေးဘူး”ဟု ဒေသခံက ပြောသည်။

အဆိုပါ တပ်စခန်းသည် အင်အားကောင်းသည့် ပြည်သူ့စစ်စခန်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် လုံခြုံရေးအတွက် ရှိနေသည့် အနေအထားဖြစ်ကြောင်း ၎င်းက ဆိုသည်။

” ဒေသအခြေအနေကျတော့ ကျွန်တော်တို့ ပြည်သူဘက်က ဘာပဲဖြစ်ဖြစ် စိုးရိမ်တယ် စစ်ဖြစ်တယ်ဆိုတာကတော့ ။ ဒါပေမဲ့ ဖြစ်သင့်ဖြစ်ထိုက်လို့ တစ်နိုင်ငံလုံး ဖြစ်နေတဲ့အတွက်ကြောင့် ဒါကတော့ ရွာသူရွာသားတွေ မထိခိုက်ရင်တော့ အကောင်းဆုံးလို့မြင်တယ်”ဟု ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး KIA သတင်းနှင့် ပြန်ကြားရေး သို့ ဆက်သွယ်နေဆဲ ဖြစ်သည်။

KIA အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖားကန့်မြို့နယ်ရှိ ဆယ်ဇင်းဒေသရှိ စစ်ကောင်စီတပ်စခန်း တစ်ခုနှင့် ရှမ်းနီ SNA တပ်စခန်း တစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဆယ်ဇင်းရဲစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဆယ်ဇင်းရွာအပါအဝင် အနီးတဝိုက်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီနှင့် ရှမ်းနီ SNA တပ်တို့က ဆယ်ဇင်းရွာကို မီးရှို့ခဲ့ကြ သည်ဟု ဒေသခံကပြောသည်။ စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဒေသခံများ သေဆုံးထိခိုက်ရှိသကဲ့သို့ ဆယ်ဇင်းဘုန်းကြီးကျောင်း၌ ပိတ်မိနေသည့် ဒေသခံများကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ပြုလုပ်ထားသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။