Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ

ဒီနေ့ ရန်ကုန်ဈေးကွက် မှာဆိုရင် ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၅၁၅ ကျပ်အထိ ဖြစ်လာပြီးမနေ့က ဈေးထက် ကျပ် ၃၀၀ ဝန်းကျင်ခုန်တက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ
ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ

◾️ အမေရိကန်တစ်ဒေါ်လာ ကျပ် ၂၇၀၀ ကျော် ၊ ရွှေတစ်ကျပ်သား ကျပ်၂၅ သိန်းကျော်နဲ့ စက်သုံးဆီ တစ်လီတာ ကျပ် ၂၀၀၀ ကျော်ထိဖြစ်လာ

စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာကို သတ်မှတ်ဈေး ၂၁၀၀ ကျပ်ထက် ၆ ကျပ်သာ ခွာရောင်းရမယ်လို့ ကြေညာပြီး နောက်တစ်ရက်မှာ ဒေါ်လာဈေး ၊စက်သုံးဆီဈေးနဲ့ ရွှေဈေးတွေ တပြိုင်တည်းတက်လာပါတယ်။

ဒေါ်လာဈေးဟာမနေ့က ပြင်ပဈေးကွက်ပေါက်ဈေးမှာ တစ်ဒေါ်လာကို ၂၆၀၀ ကျပ် ရှိရာကနေ ဒီနေ့မနက်ပိုင်းဈေးဖွင့်ချိန် ၂,၇၂၀ ကျပ် ဝန်းကျင်အထိဖြစ်လာတယ်လို့ ဈေးကွက်ထဲကနေစုံစမ်းသိရပါတယ်။ ဈေးကွက်ဟာ ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်နေပါတယ်။

ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ
ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ

ရွှေဈေးဟာလည်း စံချိန်တင်အနေနဲ့အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၅၀၅,၀၀၀ ထိ ဒီနေ့နေ့လယ်ပိုင်းမှာဖြစ်သွားပါတယ်။

အလားတူပါပဲ စက်သုံးဆီဈေးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကျပ် ၂၀၀၀ အောက်ကို ရောက်ခဲ့ပေမယ့် ဒီရက်ပိုင်းမှာ ကျပ် ၂၀၀၀အထက်ကိုပြန်တက်လာပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ
ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ

ဒီနေ့ ရန်ကုန်ဈေးကွက် မှာဆိုရင် ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၅၁၅ ကျပ်အထိ ဖြစ်လာပြီးမနေ့က ဈေးထက် ကျပ် ၃၀၀ ဝန်းကျင်ခုန်တက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

ထိုင်းဘတ်ငွေနဲ့ ကျပ်ငွေလဲလှယ်နှုန်းဟာဆိုရင်လည်း မနေ့ကအထိ တစ်ဘတ်ကို ၇၁ ကျပ်ဝန်းကျင် ရှိနေရာကနေ ဒီနေ့မှာ ၇၅ ကျပ်ကျော်အထိဖြစ်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေဈေးမြင့်တက်လာခြင်းနှင့်အတူ နိုင်ငံခြားငွေလဲနှုန်းလဲ မြင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃,၇၅၀ အထိမြင့် တက်သည်။

သတင်း

နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီ​ထောက်ပံ့မှုဟာ ရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။

သတင်း

လက်ရှိစက်တင်ဘာလဆန်းပိုင်းစတင်ပြီး တရိပ်ရိပ်ကျလာတဲ့ ရွှေဈေးဟာ ဒီနေ့မနက်ပိုင်း ရွှေဈေးအဖွင့်မှာတင် ကျပ်ငါးသောင်းခုန်တက်သွားတာပါ။

သတင်း

နွေဦးဘဏ်ဖွင့်လှစ်ခြင်းသည် စစ်ကောင်စီထံစီးဝင်နေသည့် နိုင်ငံခြားငွေကြေးများကို ဟန့်တားနိုင်ရန်နှင့် တော်လှန်ရေးရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး စစ်ကောင်စီကို ဘဏ္ဍာ​ရေးအရတိုက်စစ်ဖွင့်လှစ်ခြင်းဖြစ်သညဟု NUGကဆိုသည်။