Connect with us

Hi, what are you looking for?

သတင်း

ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ

ဒီနေ့ ရန်ကုန်ဈေးကွက် မှာဆိုရင် ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၅၁၅ ကျပ်အထိ ဖြစ်လာပြီးမနေ့က ဈေးထက် ကျပ် ၃၀၀ ဝန်းကျင်ခုန်တက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ
ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ

◾️ အမေရိကန်တစ်ဒေါ်လာ ကျပ် ၂၇၀၀ ကျော် ၊ ရွှေတစ်ကျပ်သား ကျပ်၂၅ သိန်းကျော်နဲ့ စက်သုံးဆီ တစ်လီတာ ကျပ် ၂၀၀၀ ကျော်ထိဖြစ်လာ

စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာကို သတ်မှတ်ဈေး ၂၁၀၀ ကျပ်ထက် ၆ ကျပ်သာ ခွာရောင်းရမယ်လို့ ကြေညာပြီး နောက်တစ်ရက်မှာ ဒေါ်လာဈေး ၊စက်သုံးဆီဈေးနဲ့ ရွှေဈေးတွေ တပြိုင်တည်းတက်လာပါတယ်။

ဒေါ်လာဈေးဟာမနေ့က ပြင်ပဈေးကွက်ပေါက်ဈေးမှာ တစ်ဒေါ်လာကို ၂၆၀၀ ကျပ် ရှိရာကနေ ဒီနေ့မနက်ပိုင်းဈေးဖွင့်ချိန် ၂,၇၂၀ ကျပ် ဝန်းကျင်အထိဖြစ်လာတယ်လို့ ဈေးကွက်ထဲကနေစုံစမ်းသိရပါတယ်။ ဈေးကွက်ဟာ ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်နေပါတယ်။

ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ
ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ

ရွှေဈေးဟာလည်း စံချိန်တင်အနေနဲ့အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၅၀၅,၀၀၀ ထိ ဒီနေ့နေ့လယ်ပိုင်းမှာဖြစ်သွားပါတယ်။

အလားတူပါပဲ စက်သုံးဆီဈေးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကျပ် ၂၀၀၀ အောက်ကို ရောက်ခဲ့ပေမယ့် ဒီရက်ပိုင်းမှာ ကျပ် ၂၀၀၀အထက်ကိုပြန်တက်လာပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ
ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ

ဒီနေ့ ရန်ကုန်ဈေးကွက် မှာဆိုရင် ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၅၁၅ ကျပ်အထိ ဖြစ်လာပြီးမနေ့က ဈေးထက် ကျပ် ၃၀၀ ဝန်းကျင်ခုန်တက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

ထိုင်းဘတ်ငွေနဲ့ ကျပ်ငွေလဲလှယ်နှုန်းဟာဆိုရင်လည်း မနေ့ကအထိ တစ်ဘတ်ကို ၇၁ ကျပ်ဝန်းကျင် ရှိနေရာကနေ ဒီနေ့မှာ ၇၅ ကျပ်ကျော်အထိဖြစ်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ