Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံအနှံစက်သုံးဆီပြတ်လပ်​နေပြီး ဈေးတက်လာ

ယ​နေ့ (သြဂုတ် ၁၁ရက်) တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၁၄၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၂၁၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၄၀ကျပ် နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင်၂၅၁၅ကျပ်အထိဈေးတက်လာသည်။

(စစ်​ကောင်စီက စက်သုံးဆီတင်သွင်းမှုထိန်းချုပ်ကန့်သတ်ရန်စီစဥ်ပြီး​​နောက် ဆီရှားပါးပြတ်လပ်ကာ​ဈေးဆက်တိုက်တက်​နေသည်)
(စစ်​ကောင်စီက စက်သုံးဆီတင်သွင်းမှုထိန်းချုပ်ကန့်သတ်ရန်စီစဥ်ပြီး​​နောက် ဆီရှားပါးပြတ်လပ်ကာ​ဈေးဆက်တိုက်တက်​နေသည်)

နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်လာမှုကြောင့် တစ်ရက်အတွင်း ဆီတစ်လီတာလျှင်ကျပ် ၃၀၀ ခန့်​ဈေးတက်လာပြီး ပရီမီယံဒီဇယ်တစ်လီတာကို ကျပ် ၂၅၀၀​ကျော်အထိ့မြင့်တက်လာကြောင်း ပြည်တွင်းစက်သုံးဆီဆိုင်များမှသိရသည်။

ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်လာမှု​ကြောင့်​ဈေးတက်​နေပြီး နိုင်ငံအနှံ စက်သုံးဆီဆိုင်အများစုတွင် အရောင်းပိတ်ထားကြောင်း ​ဒေသခံများကပြောသည်။

ယ​နေ့ (သြဂုတ် ၁၁ရက်) တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၁၄၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၂၁၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၄၀ကျပ် နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင်၂၅၁၅ကျပ်အထိဈေးတက်လာသည်။

ယမန့်နေ့(ဩဂုတ် ၁၀ရက်) ကအောက်တိန်း ၉၂ တစ်လီတာကို ကျပ် ၁၈၆၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၉၂၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၂၀ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၁၈၅ကျပ်သာ ပေါက်ဈေးရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“၉၂ ဝယ်မရတာ တပတ်ကျော်နေပြီ”ဟု မြစ်ကြီးနားမြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် စက်သုံးဆီပြတ်တောက်မှု ဆိုးဆိုးဝါးဝါးဖြစ်နေပြီး ဆိုင်အများစုမှရောင်းချပေးနိုင်ခြင်းမရှိတော့ကြောင်း ​ဒေသခံများကပြောသည်။ စက်သုံးဆီရောင်းချရန် စစ်ကောင်စီ၏ ညွန့်ကြားချက်အတိုင်း စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံမှ ဖြန့်ဖြူးခွင့်လိုင်စင်ရယူပြီး ရောင်းချနေသော်လည်း ဆီထုတ်ယူရန် အခက်အခဲဖြစ်နေခြင်းကြောင့် ဆိုင်ပိတ်ထားရခြင်းဖြစ်သည်ဟု မန္တလေးတိုင်းအတွင်းရှိ စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“ဒေါ်လာအခက်အခဲကြောင့်ဆီတင်သွင်းဖို့ခက်နေတာဒီအတိုင်းဆိုမကြာခင် နိုင်ငံထဲမှာ ဆီပြတ်လောက်တော့မယ် အလွန်ဆုံးကြာနှစ်လလောက်ပဲ”ဟု ၎င်းကသူ၏အမြင်ကို​ပြောသည်။

ရန်ကုန်မြို့တွင်လည်းစက်သုံးဆီဆိုင်အများစုတွင် အောက်တိန်း၉၂ နှင့် အောက်တိန်း ၉၅ ဝယ်ယူ၍ မရတော့ကြောင်း အငှားယာဉ်​မောင်းတစ်ဦးကပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က တစ်နှစ်လျှင် စက်သုံးဆီ​ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုးတင်သွင်းနေရခြင်းကြောင့် စက်သုံးဆီတင်သွင်းမှုကိုလျှော့ချရန်စီစဉ်နေခြင်းဖြစ်သည်။

စစ်ကောင်စီကအမေရိကန်တစ်ဒေါ်လာကို ၂၁၀၀ကျပ်သတ်မှတ်ထားပြီးထိုနှုန်းအတိုင်းအရောင်းအဝယ် လုပ်ရန်ကန့်သတ်ထားပြီး ဒေါ်လာများကို သိမ်းယူနေသည်။သို့သော်လည်း၎င်းတို့သတ်မှတ်ထားသည့် နှုန်းဖြင့်ပြန်ရောင်းပေးခြင်းမရှိ​သောကြောင့် ဒေါ်လာဖြင့် စက်သုံးဆီဝယ်ယူရန် ခက်ခဲနေခြင်းဖြစ်သည်ဟု စက်သုံးဆီတင်သွင်းနေသူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။