Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်’စစ်ဆင်ရေးအဖြစ် ရွှေပြည်သာရှိ အုပ်ချုပ်ရေးမှူးများအား ဖောက်ခွဲတိုက်ခိုက်

ထို့အပြင် ကျန်ရှိသည့် စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အားလုံးကိုလည်း အလျင်အမြန်နှုတ်ထွက်ကြရန်လည်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUGA)က ပြင်းထန်စွာ သတိပေးထားသည်။

YUGA
YUGA

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အပါအဝင် (၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများ ရုံးထိုင်ရာ ဓမ္မာရုံအား ယမန်နေ့ ညပိုင်းတွင် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၃) တပ်စု (၁) နှင့် YUGA (MO-7 Eagles) တို့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YUGAက ယနေ့ (သြဂုတ် ၁၁) ၌ ထုတ်ပြန်သည်။

ယင်း​ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက် ပါးစေ အဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့ပြီး ထိခိုက် သေဆုံးစာရင်းကိုမူ အတိအကျ မသိရသေးကြောင်း YUGA က ဖော်ပြထားသည်။

ယမန်နေ့ ညပိုင်း ၇ နာရီကျော်တွင် ရွှေပြည်သာမြို့နယ် အမှတ် (၇) ရပ်ကွက်၊ နဝရတ်လမ်းမပေါ်ရှိ ရပ်ကွက် ဓမ္မာရုံအတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ အပေါင်းအပါ လူသုံးဦး ထိခိုက်ခဲ့ကြောင်း အဆိုပါ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

” မနေ့က ဓမ္မာရုံမှာ ရပ်ကွက်ရုံးက လူတွေ ထိုင်နေတဲ့အချိန် ပေါက်ကွဲမှု ဖြစ်တာလို့ သိရတယ်။ အုပ်ကြီးတို့ အဖွဲ့ထဲက ဦးလေးကြီးတစ်ယောက် အပါအဝင် သုံးယောက်ထိတယ် လို့တော့ ကြားပါတယ်။ အဲဒီ့မှာက ရပ်ကွက်ရုံးက လူတွေပဲ ထိုင်ကြတာ များပါတယ်။ လူနာတင်ကားတွေ လာခေါ်သွားတာလည်း တွေ့လိုက်ပါတယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်၌ ရန်ကုန် တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုဖြစ်စဥ်တွင် ရုံးထဲ၌ အုပ်ချုပ်ရေးမှူး နှင့် အပေါင်းအပါများ ရှိနေခဲ့ပြီး စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ဗုံးစမှန်၍ ခြေထောက်ထိခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် ကျန်ရှိသည့် စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အားလုံးကိုလည်း အလျင်အမြန်နှုတ်ထွက်ကြရန်လည်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUGA)က ပြင်းထန်စွာ သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။