Connect with us

Hi, what are you looking for?

သတင်း

ဆိုလျားကူးရွာ အနီးတိုက်ပွဲတွင် ကျဆုံးခဲ့သော အသက်(၁၉) နှစ်အရွယ် ရဲဘော် မောင်စီနီးလို၏ အသုဘအခမ်းအနား ယနေ့ပြုလုပ်

တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ပြီး အခြား ကျရှုံးထိခိုက်မှု များရှိသော်လည်း အရေအတွက်ကို ဆက်ပြီးအတည်မပြုနိုင်သေး ပေ။

ဓာတ်ပုံ - လွိုင်ကော် PDF
ဓာတ်ပုံ - လွိုင်ကော် PDF

ကရင်နီ(ကယား)ပြည်နယ်၊ ဆိုလျားကူးကျေးရွာ အနီးတိုက်ပွဲတွင် ကျဆုံးခဲ့သော အသက်(၁၉) နှစ်အရွယ် ရဲဘော် မောင်စီနီးလို၏ အသုဘ အခမ်းအနားကို ယနေ့(သြဂုတ် ၁၄ ရက်) ပြုလုပ်ခဲ့ကြောင်း လွိုင်ကော် PDFက ထုတ်ပြန်သည်။

ယခုလ ၉ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်ကဆိုလျားကူး ကျေးရွာတစ်ဝိုက် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ရဲဘော် မောင်စီနီးလိုသည် အကြမ်း ဖက်စစ်ကောင်စီနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး လွတ် လပ်ရေးအတွက် အသက်ပေးလှူသွားခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် ယနေ့ နံနက် ၈ နာရီအချိန်တွင် မောင်စီနီးလို၏ အသုဘ အခန်းအနားကို ပြည်သူ့ကာကွယ်ရေးတပ် – လွိုင်ကော်မှ ဦးစီးကျင်းပခဲ့သည်။

ရဲဘော် မောင်စီနီးလိုသည် အကြမ်းဖက် စစ်ကောင်စီအား ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင် တော်လှန်ခဲ့ပြီး မိမိကျေးရွာ မိမိဒေသ မိမိပြည်နယ် မိမိတိုင်းပြည်အတွက် ဂုဏ်ရောင်ထွန်းပြောင်စေခဲ့သည့် သူရဲကောင်းတစ်ဦး ဖြစ်ကြောင်း လွိုင်ကော် PDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

အရေးတော်ပုံအောင်မြင်သည်အထိ ကျားကုတ် ကျားခဲ ဆက်လက် တိုက်ပွဲဝင်သွားဦးမည်ဖြစ် ကြောင်းလည်း ရဲဘော်စီနီးလိုအပါအဝင် နိုင်ငံနှင့်အဝန်းရှိ သူရဲကောင်းများအားလုံးကို တိုင် တည်ကာ လွိုင်ကော် PDF ကတိပြုသည်။

ဓာတ်ပုံ - လွိုင်ကော် PDF
ဓာတ်ပုံ – လွိုင်ကော် PDF

ဆိုလျားကူးကျေးရွာ နှင့် အနီးတစ်ဝိုက်သို့ အကြမ်းဖက်စစ်တပ်များမှ စစ်ကြောင်း ၃ ကြောင်း၊ အင်အား ၂၀၀ခန့် ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာမှ စတင်ကာ မဟာမိတ်တပ်များနှင့် ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

ယခုလ ၉ ရက်မှ စ၍ ယနေ့ ၁၂ ရက်ထိ လွိုင် ကော် PDF အပြင် KA၊ KNDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး၊ တပ်ရင်း (၁၁၀၁)၊ ဒီမောဆို PDF၊ တပ်ရင်း (၁၁၀၇)၊ မိုးဗြဲ PDF၊ KRU နှင့် KGZ စသည့်မဟာမိတ်များမှ အတူတကွ ပူးပေါင်း တိုက်ပွဲဝင်ခဲ့သည်။

တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ပြီး အခြား ကျရှုံးထိခိုက်မှု များရှိသော်လည်း အရေအတွက်ကို ဆက်ပြီးအတည်မပြုနိုင်သေး ပေ။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။