Connect with us

Hi, what are you looking for?

သတင်း

ရှားတောဒေသအတွင်း ထိတွေ့မှု လေးကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ခုနစ်ဦး အထက်သေဟု KNDF ထုတ်ပြန်

လက်ရှိ ကရင်နီဒေသတွင်း စစ်ရေးအခြေအနေကြောင့် လွိုင်ကော် – ရှားတော လမ်းမကြီး တစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာခွင့်ကို ယခုလ ၁၀ရက်ကစ၍ KNDF က တားမြစ်ထားသည်။

(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောဒေသအတွင်း ထိတွေ့မှု လေးကြိမ်ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီ တပ်သား ခုနစ်ဦးနှင့်အထက်သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၇က ယန့(သြဂုတ် ၁၂ရက်) ထုတ်ပြန်သည်။

ရှားတောမြို့၊ တငူးဆိုတပ်စခန်းမှ တပ်စွန့်ခွာ၍ ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို ယခုလ ၇ ရက်ကစ၍ ကရင်နီတပ်မတော်(KA)နှင့် KNDF B-17၊B-12၊ B-14 တို့ တိုက်ခိုက်ခဲ့သည် ဟု ဆိုသည်။

အဆိုပါထိတွေ့မှု၌ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတက်မှ (၂ )ဦးနှင့်အထက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်းဖော်ပြသည်။

(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF)

အလားတူ ယခုလ ၉ ရက်တွင် ရှားတောမြို့တစ်နေရာ၌ ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု KNDF တပ်ရင်း – ၁၇က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအတွင်း KA နှင့် KNDF ပူးပေါင်းတပ်မှ တစ်စုံတစ်ဦးမျှ ထိခိုက် ဒဏ်ရာမရရှိခဲ့ကြောင်းလည်း အသိပေးသည်။

Public Service Announcement
Public Service Announcement

လက်ရှိ ကရင်နီဒေသတွင်း စစ်ရေးအခြေအနေကြောင့် လွိုင်ကော် – ရှားတော လမ်းမကြီး တစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာခွင့်ကို ယခုလ ၁၀ရက်ကစ၍ KNDF က တားမြစ်ထားသည်။

(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF)

ကရင်နီပြည်နယ်၌ နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ် တို့၌ စစ်ကောင်စီတပ်က စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။