Connect with us

Hi, what are you looking for?

သတင်း

ရှားတောဒေသအတွင်း ထိတွေ့မှု လေးကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ခုနစ်ဦး အထက်သေဟု KNDF ထုတ်ပြန်

လက်ရှိ ကရင်နီဒေသတွင်း စစ်ရေးအခြေအနေကြောင့် လွိုင်ကော် – ရှားတော လမ်းမကြီး တစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာခွင့်ကို ယခုလ ၁၀ရက်ကစ၍ KNDF က တားမြစ်ထားသည်။

(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောဒေသအတွင်း ထိတွေ့မှု လေးကြိမ်ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီ တပ်သား ခုနစ်ဦးနှင့်အထက်သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၇က ယန့(သြဂုတ် ၁၂ရက်) ထုတ်ပြန်သည်။

ရှားတောမြို့၊ တငူးဆိုတပ်စခန်းမှ တပ်စွန့်ခွာ၍ ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို ယခုလ ၇ ရက်ကစ၍ ကရင်နီတပ်မတော်(KA)နှင့် KNDF B-17၊B-12၊ B-14 တို့ တိုက်ခိုက်ခဲ့သည် ဟု ဆိုသည်။

အဆိုပါထိတွေ့မှု၌ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတက်မှ (၂ )ဦးနှင့်အထက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်းဖော်ပြသည်။

(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF)

အလားတူ ယခုလ ၉ ရက်တွင် ရှားတောမြို့တစ်နေရာ၌ ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု KNDF တပ်ရင်း – ၁၇က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအတွင်း KA နှင့် KNDF ပူးပေါင်းတပ်မှ တစ်စုံတစ်ဦးမျှ ထိခိုက် ဒဏ်ရာမရရှိခဲ့ကြောင်းလည်း အသိပေးသည်။

Public Service Announcement
Public Service Announcement

လက်ရှိ ကရင်နီဒေသတွင်း စစ်ရေးအခြေအနေကြောင့် လွိုင်ကော် – ရှားတော လမ်းမကြီး တစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာခွင့်ကို ယခုလ ၁၀ရက်ကစ၍ KNDF က တားမြစ်ထားသည်။

(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF)

ကရင်နီပြည်နယ်၌ နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ် တို့၌ စစ်ကောင်စီတပ်က စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။