Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်းတွင်းတွင် မိုင်းဆွဲခံရသည့်ဖြစ်စဥ်ကြေးနန်း ပေါက်ကြားခဲ့၍ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ၂၀နီးပါး ဖမ်းဆီးစစ်ဆေးခံနေရ

သြဂုတ် ၁၃ရက် နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ဘုရားစုကျေးရွာနှင့် ဒိုင်ကောင်း‌ကုန်းကျေးရွာကြား ရန်ကုန် – မန္တလေးလမ်းဟောင်း​တွင် သံချပ်ကာသင်တန်းဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေ ၈၀ဝန်းကျင် လိုက်ပါလာသောကားတစ်စီး ပဒေသာမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

မိုင်းဆွဲခံရသည့်ယာဥ်အား တွေ့ရစဥ်။ဓာတ်ပုံ-WTRF
မိုင်းဆွဲခံရသည့်ယာဥ်အား တွေ့ရစဥ်။ဓာတ်ပုံ-WTRF

မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ယာဥ်တန်း မိုင်းဆွဲခံရသည့်ဖြစ်စဥ် ရဲကြေးနန်းပေါက်ကြားခဲ့၍ စစ်ကောင်စီဌာနစုံမှ ဝန်ထမ်း ၂၀နီးပါး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြော သည်။

သြဂုတ် ၁၃ရက်က ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၊ ဘုရားစုရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကာ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

အဆိုပါ မိုင်းဆွဲခံရမှုနှင့်ပတ်သက်၍ အစီရင်ခံထားသည့် ရဲကြေးနန်းစာ ပေါက်ကြားခဲ့သဖြင့် မြို့နယ် ပြန်/ဆက်မှ ဝန်ထမ်းများ၊ ရဲစခန်းမှ ရဲများ၊ ထွေအုပ်ရုံးမှ ဝန်ထမ်းများ စုစုပေါင်း ၂၀ ဦးခန့်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း Voice Of Wundwin အဖွဲ့က အသိပေးသည်။

မိုင်းဆွဲခံရသည့်ယာဥ်အား တွေ့ရစဥ်။ဓာတ်ပုံ-WTRF
မိုင်းဆွဲခံရသည့်ယာဥ်အား တွေ့ရစဥ်။ဓာတ်ပုံ-WTRF

ရဲကြေးနန်းစာတွင် စစ်သားတစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သ​ည်ဟု ရေးသားထားသည်။ ထို့အပြင် မိုင်းဆွဲခံရမှုကို ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုဟု အဖြစ်မှန်ကိုဖုံးဖိရေးသားကာ အထက်သို့တင်ပြထားသည်ကိုတွေ့ရကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုက ပြောသည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁၃ရက် နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ဘုရားစုကျေးရွာနှင့် ဒိုင်ကောင်း‌ကုန်းကျေးရွာကြား ရန်ကုန် – မန္တလေးလမ်းဟောင်း​တွင် သံချပ်ကာသင်တန်းဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေ ၈၀ဝန်းကျင် လိုက်ပါလာသောကားတစ်စီး ပဒေသာမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ထိုဖြစ်စဥ်ကြောင့် စစ်အုပ်စုဘက်က လေးဦးသေဆုံးကာ ၁၂ဦးဒဏ်ရာရရှိကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု (wundwin township revolution force )ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။