Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းတွင် မိုင်းဆွဲခံရသည့်ဖြစ်စဥ်ကြေးနန်း ပေါက်ကြားခဲ့၍ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ၂၀နီးပါး ဖမ်းဆီးစစ်ဆေးခံနေရ

သြဂုတ် ၁၃ရက် နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ဘုရားစုကျေးရွာနှင့် ဒိုင်ကောင်း‌ကုန်းကျေးရွာကြား ရန်ကုန် – မန္တလေးလမ်းဟောင်း​တွင် သံချပ်ကာသင်တန်းဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေ ၈၀ဝန်းကျင် လိုက်ပါလာသောကားတစ်စီး ပဒေသာမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

မိုင်းဆွဲခံရသည့်ယာဥ်အား တွေ့ရစဥ်။ဓာတ်ပုံ-WTRF
မိုင်းဆွဲခံရသည့်ယာဥ်အား တွေ့ရစဥ်။ဓာတ်ပုံ-WTRF

မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ယာဥ်တန်း မိုင်းဆွဲခံရသည့်ဖြစ်စဥ် ရဲကြေးနန်းပေါက်ကြားခဲ့၍ စစ်ကောင်စီဌာနစုံမှ ဝန်ထမ်း ၂၀နီးပါး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြော သည်။

သြဂုတ် ၁၃ရက်က ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၊ ဘုရားစုရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကာ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

အဆိုပါ မိုင်းဆွဲခံရမှုနှင့်ပတ်သက်၍ အစီရင်ခံထားသည့် ရဲကြေးနန်းစာ ပေါက်ကြားခဲ့သဖြင့် မြို့နယ် ပြန်/ဆက်မှ ဝန်ထမ်းများ၊ ရဲစခန်းမှ ရဲများ၊ ထွေအုပ်ရုံးမှ ဝန်ထမ်းများ စုစုပေါင်း ၂၀ ဦးခန့်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း Voice Of Wundwin အဖွဲ့က အသိပေးသည်။

မိုင်းဆွဲခံရသည့်ယာဥ်အား တွေ့ရစဥ်။ဓာတ်ပုံ-WTRF
မိုင်းဆွဲခံရသည့်ယာဥ်အား တွေ့ရစဥ်။ဓာတ်ပုံ-WTRF

ရဲကြေးနန်းစာတွင် စစ်သားတစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သ​ည်ဟု ရေးသားထားသည်။ ထို့အပြင် မိုင်းဆွဲခံရမှုကို ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုဟု အဖြစ်မှန်ကိုဖုံးဖိရေးသားကာ အထက်သို့တင်ပြထားသည်ကိုတွေ့ရကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုက ပြောသည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁၃ရက် နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ဘုရားစုကျေးရွာနှင့် ဒိုင်ကောင်း‌ကုန်းကျေးရွာကြား ရန်ကုန် – မန္တလေးလမ်းဟောင်း​တွင် သံချပ်ကာသင်တန်းဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေ ၈၀ဝန်းကျင် လိုက်ပါလာသောကားတစ်စီး ပဒေသာမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ထိုဖြစ်စဥ်ကြောင့် စစ်အုပ်စုဘက်က လေးဦးသေဆုံးကာ ၁၂ဦးဒဏ်ရာရရှိကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု (wundwin township revolution force )ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။