Connect with us

Hi, what are you looking for?

News

စျေးသည်အမျိုးသမီးငယ်တစ်ဦးမိုင်းထိ ကွယ်လွန်သွားသည့်ဖြစ်ရပ်မှာ စစ်ကောင်စီ၏လက်ချက်ဟု ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုပြော

ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် ယခင်ရက်ပိုင်းအတွင်းက သေနတ်ပါသည့် ရဲနှစ်ဦးကိုပင် ဝင်လုံးတိုက်ခိုက်ခဲ့ပြီး ယခုလို အပြစ်မဲ့ပြည်သူအမျိုးသမီးတစ်ဦးကို တိုက်ခိုက်ရန်အကြောင်းမရှိကြောင်း ဒေသခံအချိူ့က ထင်မြင်ချက်ပေးသည်။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် ငါးရောင်းသည့် စျေးသည်အမျိုးသမီးငယ်တစ်ဦး မိုင်းထိ၍ ကွယ်လွန်သွားသည့်ဖြစ်စဥ်မှာ အကြမ်းဖက်စစ်တပ်က PDFများအား အထင်လွဲအောင် ပြုလုပ်သည့်လုပ်ရပ်ဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုက ပြောသည်။

ယနေ့(မေလ ၂၃ ရက်) နံနက် ၈နာရီဝန်းကျင်က ဝမ်းတွင်းမြို့နယ်၊ ကုန်းကျေးရွာမှ အသက်(၂၂) နှစ်အရွယ် မစန္ဒာလင်းသည် ခင်ဘန်းတံတားအနီးတွင် မိုင်းထိ၍ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပေါင်၊ လက်မောင်းနှင့် ဦးခေါင်းတို့ ထိမှန်သွားခဲ့ကြောင်း၊ လက်လုပ်မိုင်းအမျိုးအစားဖြစ်ပြီး ဘောစေ့များ ထုတ်ရသည်ဟု သိရကြောင်း ဒေသခံများက ပြောသည်။

“ငါးရောင်းကပြန်လာတာ သူ့မှာ ၂ နှစ်အရွယ်သားလေးတစ်ယောက်ရှိတယ်။ သားလေးကိုတော့အိမ်မှာထားခဲ့တာ။ မိုင်းကွဲတာတော့သေချာပါတယ်။ သူကတော့ သေသွားပါပြီ။ ဘယ်သူကလုပ်တယ်ဆိုတာကိုတော့ မသိသေးပါဘူး။ဆိုင်ကယ်မတော်တဆတော့ မဟုတ်ပါဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပြီး ၎င်းတို့အဖွဲ့၏ လုပ်ဆောင်ချက်မဟုတ်ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုက ပြောသည်။

” စကစက နာမည်ဖျက်ချင်လို့လုပ်တာလို့ ထင်တယ်။ကျွန်တော်တို့ ခုထင်နေတာက PDF ကလုပ်တဲ့ပုံစံမျိုးဖမ်းပြီး တန်ပြန်တိုက်ခိုက်ပြီး ပုံရိပ်ကျအောင်လုပ်နေတယ်ထင်တယ်။ ကျွန်တော်တို့မြို့နယ်မှာ တခြားအဖွဲ့မရှိဘူး။ ကျွန်တော်တို့ပဲရှိတယ်။ အဲဒီခင်ကြီးခင်ဘန်ရွာမှာ ပျူတွေအများကြီးရှိတယ်။ ပျူတွေကြီးစိုးတယ်။ အဲရွာက ရွာထဲကိုသေနတ်ကိုင်ပြီးကိုစိန်ခေါ်တာ ခဏတိုင်းဖြစ်တယ်။ ပြီးတော့ အဲ့ဒီခင်ဘန်းတံတားမှာ ကင်းပုန်ဝပ်တာ စစ်ဆေးရေးလုပ်တာ အခုလအတွင်းအမြဲတမ်းရှိပါတယ်။”ဟု ဆက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် ယခင်ရက်ပိုင်းအတွင်းက သေနတ်ပါသည့် ရဲနှစ်ဦးကိုပင် ဝင်လုံးတိုက်ခိုက်ခဲ့ပြီး ယခုလို အပြစ်မဲ့ပြည်သူအမျိုးသမီးတစ်ဦးကို တိုက်ခိုက်ရန်အကြောင်းမရှိကြောင်း ဒေသခံအချိူ့က ထင်မြင်ချက်ပေးသည်။

ကွယ်လွန်သူ မစန္ဒာလင်းအတွက် အကြမ်းဖက်စစ်တပ်အား လက်တုံ့ုံ့န်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများစစ်တပ်နှင့်ဝေးရာတွင်နေရန်၊ စစ်တပ်ထုတ်ကုန်များ သုံးစွဲခြင်းမပြုရန် ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။