Connect with us

Hi, what are you looking for?

LuduNwayOo

News

စျေးသည်အမျိုးသမီးငယ်တစ်ဦးမိုင်းထိ ကွယ်လွန်သွားသည့်ဖြစ်ရပ်မှာ စစ်ကောင်စီ၏လက်ချက်ဟု ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုပြော

ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် ယခင်ရက်ပိုင်းအတွင်းက သေနတ်ပါသည့် ရဲနှစ်ဦးကိုပင် ဝင်လုံးတိုက်ခိုက်ခဲ့ပြီး ယခုလို အပြစ်မဲ့ပြည်သူအမျိုးသမီးတစ်ဦးကို တိုက်ခိုက်ရန်အကြောင်းမရှိကြောင်း ဒေသခံအချိူ့က ထင်မြင်ချက်ပေးသည်။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် ငါးရောင်းသည့် စျေးသည်အမျိုးသမီးငယ်တစ်ဦး မိုင်းထိ၍ ကွယ်လွန်သွားသည့်ဖြစ်စဥ်မှာ အကြမ်းဖက်စစ်တပ်က PDFများအား အထင်လွဲအောင် ပြုလုပ်သည့်လုပ်ရပ်ဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုက ပြောသည်။

ယနေ့(မေလ ၂၃ ရက်) နံနက် ၈နာရီဝန်းကျင်က ဝမ်းတွင်းမြို့နယ်၊ ကုန်းကျေးရွာမှ အသက်(၂၂) နှစ်အရွယ် မစန္ဒာလင်းသည် ခင်ဘန်းတံတားအနီးတွင် မိုင်းထိ၍ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပေါင်၊ လက်မောင်းနှင့် ဦးခေါင်းတို့ ထိမှန်သွားခဲ့ကြောင်း၊ လက်လုပ်မိုင်းအမျိုးအစားဖြစ်ပြီး ဘောစေ့များ ထုတ်ရသည်ဟု သိရကြောင်း ဒေသခံများက ပြောသည်။

“ငါးရောင်းကပြန်လာတာ သူ့မှာ ၂ နှစ်အရွယ်သားလေးတစ်ယောက်ရှိတယ်။ သားလေးကိုတော့အိမ်မှာထားခဲ့တာ။ မိုင်းကွဲတာတော့သေချာပါတယ်။ သူကတော့ သေသွားပါပြီ။ ဘယ်သူကလုပ်တယ်ဆိုတာကိုတော့ မသိသေးပါဘူး။ဆိုင်ကယ်မတော်တဆတော့ မဟုတ်ပါဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပြီး ၎င်းတို့အဖွဲ့၏ လုပ်ဆောင်ချက်မဟုတ်ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုက ပြောသည်။

” စကစက နာမည်ဖျက်ချင်လို့လုပ်တာလို့ ထင်တယ်။ကျွန်တော်တို့ ခုထင်နေတာက PDF ကလုပ်တဲ့ပုံစံမျိုးဖမ်းပြီး တန်ပြန်တိုက်ခိုက်ပြီး ပုံရိပ်ကျအောင်လုပ်နေတယ်ထင်တယ်။ ကျွန်တော်တို့မြို့နယ်မှာ တခြားအဖွဲ့မရှိဘူး။ ကျွန်တော်တို့ပဲရှိတယ်။ အဲဒီခင်ကြီးခင်ဘန်ရွာမှာ ပျူတွေအများကြီးရှိတယ်။ ပျူတွေကြီးစိုးတယ်။ အဲရွာက ရွာထဲကိုသေနတ်ကိုင်ပြီးကိုစိန်ခေါ်တာ ခဏတိုင်းဖြစ်တယ်။ ပြီးတော့ အဲ့ဒီခင်ဘန်းတံတားမှာ ကင်းပုန်ဝပ်တာ စစ်ဆေးရေးလုပ်တာ အခုလအတွင်းအမြဲတမ်းရှိပါတယ်။”ဟု ဆက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် ယခင်ရက်ပိုင်းအတွင်းက သေနတ်ပါသည့် ရဲနှစ်ဦးကိုပင် ဝင်လုံးတိုက်ခိုက်ခဲ့ပြီး ယခုလို အပြစ်မဲ့ပြည်သူအမျိုးသမီးတစ်ဦးကို တိုက်ခိုက်ရန်အကြောင်းမရှိကြောင်း ဒေသခံအချိူ့က ထင်မြင်ချက်ပေးသည်။

ကွယ်လွန်သူ မစန္ဒာလင်းအတွက် အကြမ်းဖက်စစ်တပ်အား လက်တုံ့ုံ့န်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများစစ်တပ်နှင့်ဝေးရာတွင်နေရန်၊ စစ်တပ်ထုတ်ကုန်များ သုံးစွဲခြင်းမပြုရန် ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။