Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုအမြန်ဆုံးလွှတ်ဖို့၊ NUG နဲ့ဆွေးနွေးကြဖို့ မလေးရှား ထပ်မံတောင်းဆို

မလေးရှားအစိုးရ ဟာအာဏာသိမ်းစစ်ကောင်စီကိုအသိအမှတ်မပြုကြောင်းနဲ့ NUG နဲ့သာထိတွေ့ဆက်ဆံဖို့ တရားဝင်တိုက်တွန်းပြောဆိုနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုအမြန်ဆုံးလွှတ်ဖို့ ၊ NUG နဲ့ဆွေးနွေးကြဖို့ မလေးရှား ထပ်မံတောင်းဆို
ဒေါ်အောင်ဆန်းစုကြည်ကိုအမြန်ဆုံးလွှတ်ဖို့ ၊ NUG နဲ့ဆွေးနွေးကြဖို့ မလေးရှား ထပ်မံတောင်းဆို

စစ်အုပ်စုအာဏာသိမ်းပြီးနောက် ဖမ်းဆီကာ ပုဒ်မအသီးသီးတပ်ပြီး ထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ဖို့ အာဆီယံအဖွဲ့ဝင် မလေးရှားအစိုးရက တောင်းဆိုလိုက်ပါတယ်။

မနေ့က စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မ ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ်ထပ်ချလိုက်တဲ့လုပ်ရပ် ပြီးနောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တွစ်တာကနေ တောင်းဆိုလိုက်တာပါ။

မလေးရှားအနေနဲ့ မြန်မာလူထုနဲ့အတူ ရပ်တည်တယ်လို့လည်း ဆိုထားပါတယ်။

ဒါအပြင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့နဲ့တွေ့ဆုံဆွေးနွေးတာတွေလုပ်ကြဖို့ကိုလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းတောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

မလေးရှားအစိုးရ ဟာအာဏာသိမ်းစစ်ကောင်စီကိုအသိအမှတ်မပြုကြောင်းနဲ့ NUG နဲ့သာထိတွေ့ဆက်ဆံဖို့ တရားဝင်တိုက်တွန်းပြောဆိုနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။