Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များအား နိုင်ငံရေးအသိများ ပို့ချ

ပြီးခဲ့သည့် ဇူလိုင် နောက်ဆုံးပတ်ကလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် မန္တလေးနှင့် မုံရွာ သပိတ်ဦးဆောင်သူတချို့က ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်များအား ဖက်ဒရယ်ဝါဒနှင့် နိုင်ငံရေးသင်တန်းများ ပို့ချခဲ့သည်။

ဓာတ်ပုံ - Aye Myint Aung Aung /Facebook
ဓာတ်ပုံ - Aye Myint Aung Aung /Facebook

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာတစ်ရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ရဲဘော်များအား မန္တလေးနှင့် မုံရွာမြို့ သပိတ်ဦးဆောင်သူတချို့က ယနေ့ (သြဂုတ် ၁၆)တွင် နိုင်ငံရေးအသိများ ပို့ချခဲ့သည်။

ယင်းပို့ချမှု​သင်တန်းအား တစ်ရက်တည်း ပြုလုပ်ခဲ့ပြီး တော်လှန်ရေး၌ စစ်ရေး၊ နိုင်ငံရေး ဟန်ချက် ညီညီတွဲ၍ လုပ်ဆောင်ပုံအား ဦးဆောင်ပို့ချခဲ့ကြောင်း မန္တလေး သပိတ်ဦးဆောင်သူ မအေးမြင့်အောင်အောင်က သူမ၏လူမှုကွန်ရက် မှတဆင့် အသိပေးသည်။

” ဒီတစ်ခေါက်မှာလဲ ကျွန်တော်တို့အဖွဲ့များကို ကျေးရွာတစ်ရွာက (ပ.က.ဖ) အဖွဲ့တစ်ဖွဲ့က လာရောက်ဖိတ်ကြားတဲ့အတွက် နိုင်ငံရေးအသိပို့ချခဲ့ပါတယ်။ မုံရွာသပိတ်ဦးဆောင်သူ ကိုခန့်ဝေဖြိုးကလည်း လာရောက်ပြီး တော်လှန်ရေးမှာ စစ်ရေး၊နိုင်ငံ​ရေး ဟန်ချက်ညီညီ တွဲသွားပုံတွေကို ဦးဆောင်ပို့ချခဲ့ပါတယ်။ အချိန်အားဖြင့် တစ်ရက်ပဲ ရတဲ့အတွက် အခြေခံသဘောတရားလောက်ပဲ ပို့ချနိုင်ခဲ့ပါတယ်။ နောက်ပိုင်းတွေမှာ ဒီ့ထက်ပိုပြီးလုပ်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးစားသွားကြပါမယ်ဗျို့။ အသိဉာဏ်ပညာဖြင့် တော်လှန်ကြတဲ့ တော်လှန်ရေးတစ်ရပ် ဖြစ်ရပါမယ် ” ဟု မအေးမြင့်အောင်အောင်က ရေးသားထားသည်။

ပြီးခဲ့သည့် ဇူလိုင် နောက်ဆုံးပတ်ကလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် မန္တလေးနှင့် မုံရွာ သပိတ်ဦးဆောင်သူတချို့က ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်များအား ဖက်ဒရယ်ဝါဒနှင့် နိုင်ငံရေးသင်တန်းများ ပို့ချခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။