Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးနယ်တွင် ဆီသယ်ယာဉ်များဖြတ်သန်းခွင့် သြဂုတ်၂၅ရက်ကစ၍ ယာယီပိတ်မည်

ဆားလင်းကြီးမြို့နယ်သည် စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ချင်းပြည်နယ်သို့သွားမည့်ယာဥ်များဖြတ်သန်းရသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယင်းမြို့နယ်မှာပင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။​

ဆားလင်းကြီးနယ်
ဆားလင်းကြီးနယ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လမ်းများ၌ ဆီပီပါယာဉ်များနှင့် ဆီဘောက်ဆာယာဉ် များကို သြဂုတ်လ ၂၅ ရက်မှစ၍ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း ဆားလင်းကြီး ညီနောင်မဟာမိတ်တပ်ပေါင်းစုက ယနေ့(သြဂုတ် ၁၉ရက်)တွင် ထုတ်ပြန်ကြေညာသည်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ လမ်းပိုင်းများတွင် အလှူငွေကောက်ခံမှု လွန်စွာများပြားနေပြီးတစ်မြို့နယ်လုံးစာ အခွန်ငွေကြေးအဖြစ် ဂိတ်တစ်ခုထား ကောက်ခံရန် သြဂုတ် ၈ ရက်တွင် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့သည်ဟု ညီနောင်မဟာမိတ်တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် ထိုအစည်းအဝေးဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲများစွာရှိခဲ့ပြီး ထိုအခက်အခဲများကို လာရောက်ဖြေရှင်းပေးရန် မြို့နယ်တာဝန်ခံများထံ အကြောင်းကြားခဲ့သော်လည်း လာရောက်ဖြေရှင်းပေးခြင်းမရှိကြောင်း ညီနောင်မဟာမိတ်တပ်ပေါင်းစုက ဆိုသည်။

အလှူငွေကောက်ခံရေးဂိတ်များသာ ပိုမိုများပြားလာခဲ့၍ တစ်မြို့နယ်လုံး ဂိတ်တစ်ခုသာ ထားရှိရန်တောင်းဆိုခြင်းကို ဖြေရှင်းပေးမှုမရမခြင်း ၊သြဂုတ် ၂၅ ရက်မှစ၍ ဆားလင်းကြီးတစ်မြို့လုံး လမ်းပိတ်ထားမည်ဖြစ်ပါကြောင်း မဟာမိတ်ညီနောင်အဖွဲ့များက အနူးအညွတ်မေတ္တရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထိုကြေညာချက်အား ညီနောင်မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသော Salingyi GZ Local PDF၊ Bother Defense Force (BDF)၊ One Star Task Force၊ ဆားလင်းကြီသမန်းကျားပြောက်ကျားတပ်ဖွဲ့၊ IC၊ Young People Force(Y. P. F)၊ တစ်ကိုယ်တော်သုဘရာဇာ၊ Salingyi Revolution Eagles(SRE)၊ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဆားလင်းကြီးမြို့နယ်သည် စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ချင်းပြည်နယ်သို့သွားမည့်ယာဥ်များဖြတ်သန်းရသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယင်းမြို့နယ်မှာပင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။​

ဆက်စပ်သတင်းများ

သတင်း

ခင်ဦးမြို့နယ် အ​နောက်ခြမ်းရှိ​ကျေးရွာများကို ဇန်နဝါရီ ၃ရက်နေ့မှ ၁၂ရက်နေ့အတွင်းကလည်း စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်သွားခဲ့သည်။

သတင်း

ဆယ်ဂဏန်းခန့်ပါတဲ့ လူအုပ်ဟာ မနေ့ နိုဝင်ဘာလ၈ ရက် နေ့လယ်ပိုင်းက တံတားပေါ်မှာ ဆန္ဒပြခဲ့ကြတာလို့စစ်ကိုင်းမြို့ခံအချို့က ပြောပြပါတယ်။

သတင်း

ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) ညမှစ၍ သပိတ်ကျင်းမြို့နယ် (၇)မိုင်လမ်းခွဲမှ တကောင်း - ထီးချိုင့် လမ်းပိုင်းအား ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်းနှင့် လုံးဝဖြတ်သန်းခွင့်မရှိကြောင်း သပိတ်ကျင်း(ပကဖ)က အသိပေးသည်။

သတင်း

ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၆ရက်ညမှစ၍ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေပြီး ယမန်နေ့ညက ထီးချိုင့်မြို့ဘောလုံးကွင်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။လက်နက်ကြီးကျ​ရောက်မှု​ကြောင့်ထိခိုက်မှုရှိ ၊မရှိကိုမူ မသိရသေးပေ။