Connect with us

Hi, what are you looking for?

သတင်း

KIA ကို ဆန့်ကျင်ဆန္ဒပြဖို့ ရတနာပုံတံတားစစ်ကောင်စီယာယီပိတ်ပေး

ဆယ်ဂဏန်းခန့်ပါတဲ့ လူအုပ်ဟာ မနေ့ နိုဝင်ဘာလ၈ ရက် နေ့လယ်ပိုင်းက တံတားပေါ်မှာ ဆန္ဒပြခဲ့ကြတာလို့စစ်ကိုင်းမြို့ခံအချို့က ပြောပြပါတယ်။

KIA ကို ဆန့်ကျင်ဆန္ဒပြဖို့ ရတနာပုံတံတားစစ်ကောင်စီယာယီပိတ်ပေး
KIA ကို ဆန့်ကျင်ဆန္ဒပြဖို့ ရတနာပုံတံတားစစ်ကောင်စီယာယီပိတ်ပေး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကို အလိုမရှိကြောင်း ဆန္ဒပြပွဲအတွက် မန္တလေးနဲ့စစ်ကိုင်းဆက်သွယ်ထားတဲ့ ဧရာဝတီတံတား (ရတနာပုံ)ကို စစ်ကောင်စီတပ်က တစ်နာရီနီးပါးပိတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆယ်ဂဏန်းခန့်ပါတဲ့ လူအုပ်ဟာ မနေ့ နိုဝင်ဘာလ၈ ရက် နေ့လယ်ပိုင်းက တံတားပေါ်မှာ ဆန္ဒပြခဲ့ကြတာလို့စစ်ကိုင်းမြို့ခံအချို့က ပြောပြပါတယ်။

အဲဒီလို ဆန္ဒပြနေချိန် တံတားနှစ်ဖက်လုံးကို စစ်တပ်က လုံခြုံရေးယူပေးထားသလို တံတားဖြတ်သန်းသွားလာတာကိုတစ်နာရီခန့် ပိတ်ခဲ့ပါတယ်။

KIA ဆန့်ကျင်ဆန္ဒပြပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမှာလည်းပြုလုပ်တာတွေ့ရပါတယ်။ ဆန္ဒပြပွဲ

Public Service Announcement

Public Service Announcement

ဓာတ်ပုံမှတ်တမ်းတွေကို တော့ စစ်ကောင်စီအာဘော်ဖြန့်ဝေပေးတဲ့ တယ်လီဂရမ်တွေမှာ တပြိုင်တည်းဖော်ပြနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။