Connect with us

Hi, what are you looking for?

သတင်း

တကောင်း-ထီးချိုင့်-အင်းတော် လမ်းပိုင်းကို ​တော်လှန်​ရေးအဖွဲ့များ ယာယီပိတ် ၊ထီးချိုင့်မြို့တွင်တိုက်ပွဲဖြစ်

ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၆ရက်ညမှစ၍ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေပြီး ယမန်နေ့ညက ထီးချိုင့်မြို့ဘောလုံးကွင်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။လက်နက်ကြီးကျ​ရောက်မှု​ကြောင့်ထိခိုက်မှုရှိ ၊မရှိကိုမူ မသိရသေးပေ။

(တကောင်း-ထီးချိုင့်-အင်းတော်လမ်း​ပေါ်တွင်ရှိ​သော ဧရာဝတီမြစ်ကူးတံတား ထီးချိုင့် ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(တကောင်း-ထီးချိုင့်-အင်းတော်လမ်း​ပေါ်တွင်ရှိ​သော ဧရာဝတီမြစ်ကူးတံတား ထီးချိုင့် ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများ တိုက်ပွဲများပြင်းထန်​နေစဉ် တကောင်း-ထီးချိုင့်-အင်းတော် လမ်းပိုင်းအား ယနေ့ ညနေ သုံးနာရီမှစတင်ပြီးယာယီ ပိတ်လိုက်ပြီး ဖြတ်သန်းခွင့် မပြုတော့ကြောင်း တော်လှန်ရေးအင်အားစုများကထုတ်ပြန်သည်။

“ကာကွယ်ရေးဘက်က ထုတ်ပြန်တယ်။ မြို့ခံတွေက အစောကတည်းက ရှောင်နေကြတာ။ ဘာတွေဆက်ဖြစ်မလဲ မသိဘူး။ ကျတော်တို့ အရမ်းစိတ်လှုပ်ရှားနေပြီ” ဟု ထီးချိုင့်မြို့ခံတဦးကပြောသည်။

ထိုအပြင် တကောင်းမြို့နှင့် ထိစပ်နေသည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင်လည်း ဒေသခံများစစ်ရေးသတိပြုနေထိုင်ကြရန် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်းသတိပေးထားသည်။

ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၆ရက်ညမှစ၍ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေပြီး ယမန်နေ့ညက ထီးချိုင့်မြို့ဘောလုံးကွင်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။လက်နက်ကြီးကျ​ရောက်မှု​ကြောင့်ထိခိုက်မှုရှိ ၊မရှိကိုမူ မသိရသေးပေ။

Public Service Announcement

Public Service Announcement

ယနေ့ညနေ ၃ နာရီခန့်မှစတင်၍ထီးချိုင့်မြို့တွင် သေနတ်ပစ်ခတ်သံများကြားနေရပြီး တိုက်ပွဲဖြစ်ပွား​နေကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်