Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တကောင်း-ထီးချိုင့်-အင်းတော် လမ်းပိုင်းကို ​တော်လှန်​ရေးအဖွဲ့များ ယာယီပိတ် ၊ထီးချိုင့်မြို့တွင်တိုက်ပွဲဖြစ်

ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၆ရက်ညမှစ၍ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေပြီး ယမန်နေ့ညက ထီးချိုင့်မြို့ဘောလုံးကွင်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။လက်နက်ကြီးကျ​ရောက်မှု​ကြောင့်ထိခိုက်မှုရှိ ၊မရှိကိုမူ မသိရသေးပေ။

(တကောင်း-ထီးချိုင့်-အင်းတော်လမ်း​ပေါ်တွင်ရှိ​သော ဧရာဝတီမြစ်ကူးတံတား ထီးချိုင့် ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(တကောင်း-ထီးချိုင့်-အင်းတော်လမ်း​ပေါ်တွင်ရှိ​သော ဧရာဝတီမြစ်ကူးတံတား ထီးချိုင့် ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများ တိုက်ပွဲများပြင်းထန်​နေစဉ် တကောင်း-ထီးချိုင့်-အင်းတော် လမ်းပိုင်းအား ယနေ့ ညနေ သုံးနာရီမှစတင်ပြီးယာယီ ပိတ်လိုက်ပြီး ဖြတ်သန်းခွင့် မပြုတော့ကြောင်း တော်လှန်ရေးအင်အားစုများကထုတ်ပြန်သည်။

“ကာကွယ်ရေးဘက်က ထုတ်ပြန်တယ်။ မြို့ခံတွေက အစောကတည်းက ရှောင်နေကြတာ။ ဘာတွေဆက်ဖြစ်မလဲ မသိဘူး။ ကျတော်တို့ အရမ်းစိတ်လှုပ်ရှားနေပြီ” ဟု ထီးချိုင့်မြို့ခံတဦးကပြောသည်။

ထိုအပြင် တကောင်းမြို့နှင့် ထိစပ်နေသည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင်လည်း ဒေသခံများစစ်ရေးသတိပြုနေထိုင်ကြရန် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်းသတိပေးထားသည်။

ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၆ရက်ညမှစ၍ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေပြီး ယမန်နေ့ညက ထီးချိုင့်မြို့ဘောလုံးကွင်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။လက်နက်ကြီးကျ​ရောက်မှု​ကြောင့်ထိခိုက်မှုရှိ ၊မရှိကိုမူ မသိရသေးပေ။

Public Service Announcement

Public Service Announcement

ယနေ့ညနေ ၃ နာရီခန့်မှစတင်၍ထီးချိုင့်မြို့တွင် သေနတ်ပစ်ခတ်သံများကြားနေရပြီး တိုက်ပွဲဖြစ်ပွား​နေကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။