Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် စစ်တပ် တကျော့ပြန် စစ်ကြောင်းထိုးနေ၍ လမ်းပိုင်း နှစ် ခု ယာယီပိတ်ထား

ခင်ဦးမြို့နယ် အ​နောက်ခြမ်းရှိ​ကျေးရွာများကို ဇန်နဝါရီ ၃ရက်နေ့မှ ၁၂ရက်နေ့အတွင်းကလည်း စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်သွားခဲ့သည်။

(စစ်တပ် စစ်​ကြောင်းလာ၍ ထွက်ပြေးတိမ်းရှောင်​နေကြ​သော ပြည်သူအချို့အား တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်တပ် စစ်​ကြောင်းလာ၍ ထွက်ပြေးတိမ်းရှောင်​နေကြ​သော ပြည်သူအချို့အား တွေ့ရစဥ်။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် တကျော့ပြန် စစ်ကြောင်းထိုးနေပြီး လမ်းပိုင်းနှစ်ခု ယာယီပိတ်ထားကြောင်း Khin U Special force Organization-KSO အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၃၁ ရက်) နံနက်ပိုင်းက ရေဦးမြို့နယ်၊ ကြာပန်းညိုကျေးရွာမှတဆင့် ခင်ဦးနယ်ဘက် ခြေလျင်စစ်ကြောင်း ထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ်သည် ခင်ဦးနယ် အနောက်မြောက်ခြမ်း မြင်းကျကျေးရွာသို့ ဝင်ရောက်နေကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် မုံလှ-မြင်းဒေါင်း ကွန်ကရစ် လမ်းပိုင်း နှင့် ရေဦး-ခင်ဦး လမ်းပိုင်း တို့ကို ​တော်လှန်​ရေးအဖွဲ့များက ယာယီပိတ်ထားမည်ဖြစ်ကြောင်း KSO အဖွဲ့က အသိပေးသည်။

“အဲဒီစစ်ကြောင်းမှာ ရွှေဘိုလေ့ကျင့်ရေး၈က စစ်သားအင်အား ၁၀၀လောက်နဲ့ ဘုန်းကုန်းပျူရွာက စစ်သား ၅၀ လောက်ပါတယ်။”ဟု ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ကြောင်းကြောင့် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာထက်မနည်း ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်များကို ကူညီနေသူများက ပြောသည်။

ခင်ဦးမြို့နယ် အ​နောက်ခြမ်းရှိ​ကျေးရွာများကို ဇန်နဝါရီ ၃ရက်နေ့မှ ၁၂ရက်နေ့အတွင်းကလည်း စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။