Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲဖြစ်နေ၍ သပိတ်ကျင်း – ထီးချိုင့်လမ်းပိုင်းအား ယာယီပိတ်ထား

ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) ညမှစ၍ သပိတ်ကျင်းမြို့နယ် (၇)မိုင်လမ်းခွဲမှ တကောင်း – ထီးချိုင့် လမ်းပိုင်းအား ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်းနှင့် လုံးဝဖြတ်သန်းခွင့်မရှိကြောင်း သပိတ်ကျင်း(ပကဖ)က အသိပေးသည်။

တိုက်ပွဲဖြစ်နေ၍ သပိတ်ကျင်း - ထီးချိုင့်လမ်းပိုင်းအား ယာယီပိတ်ထား
တိုက်ပွဲဖြစ်နေ၍ သပိတ်ကျင်း - ထီးချိုင့်လမ်းပိုင်းအား ယာယီပိတ်ထား

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်သို့သွားသော လမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) ညမှစ၍ သပိတ်ကျင်းမြို့နယ် (၇)မိုင်လမ်းခွဲမှ တကောင်း – ထီးချိုင့် လမ်းပိုင်းအား ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်းနှင့် လုံးဝဖြတ်သန်းခွင့်မရှိကြောင်း သပိတ်ကျင်း(ပကဖ)က အသိပေးသည်။

“ထီးချိုင့်ပိတ်လို့ ပိတ်ရတာပါ။ စစ်တပ်ကတော့ တကောင်းလမ်းဆုံမှာ စစ်ကြောင်းထိုင်ထားပါတယ်။”ဟု သပိတ်ကျင်း(ပကဖ)၏ တာဝန်ရှိသူက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း တကောင်း – ထီးချိုင့် – အင်းတော်လမ်းပိုင်းကိုလည်း စစ်ရေးအခြေနေရ ယာဉ်အသွားအလာကို စစ်ရေးအခြေအနေအရ နယ်မြေတည်ငြိမ်သွားသည်အထိ ယာဥ်အသွားအလာ ပိတ်ထားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (အင်းတော်မြို့နယ်)က ထုတ်ပြန်ထားသည်။

ထီးချိုင့်မြို့၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့်ပါ ပစ်ခတ်ခဲ့၍ သံဃာတော်နှင့်ပြည်သူအချို့ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement