Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေ၍ သပိတ်ကျင်း – ထီးချိုင့်လမ်းပိုင်းအား ယာယီပိတ်ထား

ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) ညမှစ၍ သပိတ်ကျင်းမြို့နယ် (၇)မိုင်လမ်းခွဲမှ တကောင်း – ထီးချိုင့် လမ်းပိုင်းအား ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်းနှင့် လုံးဝဖြတ်သန်းခွင့်မရှိကြောင်း သပိတ်ကျင်း(ပကဖ)က အသိပေးသည်။

တိုက်ပွဲဖြစ်နေ၍ သပိတ်ကျင်း - ထီးချိုင့်လမ်းပိုင်းအား ယာယီပိတ်ထား
တိုက်ပွဲဖြစ်နေ၍ သပိတ်ကျင်း - ထီးချိုင့်လမ်းပိုင်းအား ယာယီပိတ်ထား

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်သို့သွားသော လမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) ညမှစ၍ သပိတ်ကျင်းမြို့နယ် (၇)မိုင်လမ်းခွဲမှ တကောင်း – ထီးချိုင့် လမ်းပိုင်းအား ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်းနှင့် လုံးဝဖြတ်သန်းခွင့်မရှိကြောင်း သပိတ်ကျင်း(ပကဖ)က အသိပေးသည်။

“ထီးချိုင့်ပိတ်လို့ ပိတ်ရတာပါ။ စစ်တပ်ကတော့ တကောင်းလမ်းဆုံမှာ စစ်ကြောင်းထိုင်ထားပါတယ်။”ဟု သပိတ်ကျင်း(ပကဖ)၏ တာဝန်ရှိသူက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း တကောင်း – ထီးချိုင့် – အင်းတော်လမ်းပိုင်းကိုလည်း စစ်ရေးအခြေနေရ ယာဉ်အသွားအလာကို စစ်ရေးအခြေအနေအရ နယ်မြေတည်ငြိမ်သွားသည်အထိ ယာဥ်အသွားအလာ ပိတ်ထားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (အင်းတော်မြို့နယ်)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့်ပါ ပစ်ခတ်ခဲ့၍ သံဃာတော်နှင့်ပြည်သူအချို့ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။