Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတိုက်ပွဲတွင် ကျဆုံးခဲ့သည့် KNDFမှ စနိုက်ပါတပ်သား ရဲဘော်ဒေးဗစ် ၏ စျာပန ပြုလုပ်

ထို့​ကြောင့် ယနေ့တွင် ရဲဘော်ဒေးဗစ်၏ ရုပ်အလောင်းကို မိသားစုဝင်များ၊ တပ်ရင်း -၁၉ မှ ရဲဘော်ဝင်များက မြေမြှုပ်သဂြိုလ်ပေးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - KNDF- B19
ဓာတ်ပုံ - KNDF- B19

ဒီးမော့ဆိုတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) – B19 မှ စနိုက်ပါတပ်သား ရဲဘော်ဒေးဗစ်၏ စျာပနအခမ်းအနားကို ယနေ့ (သြဂုတ် ၂၂) ပြုလုပ်ခဲ့သည်။

ရဲဘော်ဒေးဗစ်သည် ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်က ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားတောင်အနီးတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

ထို့​ကြောင့် ယနေ့တွင် ရဲဘော်ဒေးဗစ်၏ ရုပ်အလောင်းကို မိသားစုဝင်များ၊ တပ်ရင်း -၁၉ မှ ရဲဘော်ဝင်များက မြေမြှုပ်သဂြိုလ်ပေးခဲ့ခြင်း ဖြစ်သည်။

ဖယ်ဒရယ်ဒီမိုကရေစီအ​ရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သော ရဲဘော်ဒေးဗစ် အား အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုအပ်ကြောင်းလည်း KNDF -B19 က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

” ဒီမြင်ကွင်းကို ပြန်တွေးတိုင်းရင်ထဲဆို့နေတာပဲ။ နောက်ဆုံးခရီးမှာ မမြင်ရက်စရာဒဏ်ရာတွေကို မမြင်သာအောင် လုပ်ပေးတာကလွဲရင် ငါတို့တွေ တခြားမတတ်နိုင်ခဲ့ပါဘူး ရဲဘော်ရေ။ အေးအေးချမ်းချမ်း အနားယူပါ “ဟု ရဲဘော်တစ်ဦးက ကျဆုံးသူရဲကောင်း ဒေးဗစ်အတွက် ရေးသားဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။