Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုအသစ်များကို ဗြိတိန်ထပ်မံချမှတ်

ယခုဒဏ်ခတ်ပိတ်ဆို့မှုတွင် စစ်တပ်နှင့်အကျိုးစီးပွားဆက်နွှယ်နေသော Star Sapphire Group ၊ International Gateways Groups of Companies Limited(IGG)၊ Sky One Construction Company Ltd တို့ ပါဝင်သည်။

(မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်း ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာလူမျိုးများကို ၂၀၁၈ ဩဂုတ်က တွေ့ရစဉ်)
(မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်း ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာလူမျိုးများကို ၂၀၁၈ ဩဂုတ်က တွေ့ရစဉ်)

▪️ရိုဟင်ဂျာလူမျိုးစုရှင်းလင်းသုတ်သင်ခံရခြင်း (၅)နှစ်ပြည့်တွင် ICJ အမှုကို ကြားဝင်ကူညီမည်ဟု ကြေညာ

ဗြိတိန်သည် မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့အသစ်တွေ ထပ်မံချမှတ်လိုက်ပြီး ဥပဒေပိုင်း ဆိုင်ရာအရေးယူမှုကိုလည်း ယနေ့(ဩဂုတ် ၂၅)တွင် ကြေညာသည်။

ယနေ့ကျရောက်သော ရိုဟင်ဂျာပဋိပက္ခ ငါးနှစ်ပြည့်နှစ်ပတ်လည်နေ့၌ ဗြိတိန်က အထက်ပါ အရေးယူမှုများကို ကြေညာလိုက်ခြင်းဖြစ်ပြီး ယခုဒဏ်ခတ်ပိတ်ဆို့မှုတွင် မြန်မာစစ်တပ်၏ လက်နက်နှင့်အကျိုးအမြတ် များ ရရှိနေမှုကို ပစ်မှတ်ထားရန် စစ်တပ်နှင့်ဆက်နွှယ် သော ကုမ္ပဏီများကို ထည့်သွင်းထားသည်။

“ကျွန်မတို့ရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီတန်ဖိုးတွေကို လျှော့ချသူတွေ၊ ဖျက်ဆီးသူတွေကို ဗြိတိန်က အမြဲရင်ဆိုင်တုန့်ပြန်သွားပါမယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကတည်း က ကျွန်မတို့ဟာ ရိုဟင်ဂျာလူ မျိုးတွေနဲ့ အခိုင်အမာဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ ethnic cleansing (မျိုးနွယ်စုရှင်းလင်းသုတ်သင်ခြင်း)လုပ်ဆောင်မှုကို ရှုတ်ချပါတယ်”ဟု ဗြိတိန် အာရှရေးရာဝန်ကြီး Amanda Milling က ပြောသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၌ နိုင်ငံတကာတရားမျှတမှုရရှိရေးကြိုးပမ်းမှုကို ကူ ညီပံ့ပိုးရန် ကြားဝင်ဆောင်ရွက်ရေးကို ဗြိတိန်က အတည်ပြုကြေညာသည်။

Public Service Announcement

Public Service Announcement

ယခုဒဏ်ခတ်ပိတ်ဆို့မှုတွင် စစ်တပ်နှင့်အကျိုးစီးပွားဆက်နွှယ်နေသော Star Sapphire Group ၊ International Gateways Groups of Companies Limited(IGG)၊ Sky One Construction Company Ltd တို့ ပါဝင်သည်။

၂၀၁၆ ၊ ၂၀၁၇ တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရိုဟင်ဂျာများ မျိုးနွယ်စုရှင်းလင်းသုတ်သင်ခံရခြင်း(ethnic cleansing)ဖြစ်သည်ကို ဗြိတိန်က ရှင်းလင်းစွာသတ်မှတ်ပြီး မြန်မာစစ်တပ်၏ လူမဆန်မှုကို ရပ်တန့်ရန်နှင့် ၎င်းတို့ကို အရေးယူအပြစ်ပေးရန် ဆက်လက်ကတိပြုကြောင်း ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။