Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင် – ပခုက္ကူလမ်းတွင် မြိုင်(ပ.က.ဖ)အဖွဲ့ စစ်ဆေးစဥ် ​​ပြန်လည်တိုက်ခိုက်ထွက်ပြေးသည့် ဒုဗိုလ်မှူးကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ပွားရာ အချိန်များနှင့် တချို့အချက်အလက်များကို ဖော်ပြခြင်းမပြုတော့ပါဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်ဟု မြိုင်(ပ.က.ဖ)က အသိပေးသည်။

စစ်ဆေးစဥ်ထွက်ပြေး၍ ပစ်ခတ်ခံရပြီးသေဆုံးသွားသော ဒုဗိုလ်မှူးကြီးဆိုသူ၏ ဓာတ်ပုံနှင့် ၎င်းစီးနင်းလာသည်ဟု ယူဆရသည့်ဆိုင်ကယ်အား မြိုင်(ပ.က.ဖ)က ထုတ်ပြန်ထားစဥ်။ ဓာတ်ပုံ-မြိုင် ပ.က.ဖ
စစ်ဆေးစဥ်ထွက်ပြေး၍ ပစ်ခတ်ခံရပြီးသေဆုံးသွားသော ဒုဗိုလ်မှူးကြီးဆိုသူ၏ ဓာတ်ပုံနှင့် ၎င်းစီးနင်းလာသည်ဟု ယူဆရသည့်ဆိုင်ကယ်အား မြိုင်(ပ.က.ဖ)က ထုတ်ပြန်ထားစဥ်။ ဓာတ်ပုံ-မြိုင် ပ.က.ဖ

မကွေးတိုင်း၊ မြိုင် – ပခုက္ကူလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦးအား စစ်ဆေးရာ ပြန်လည်တိုက်ခိုက်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် သေဆုံးသွားကြောင်း မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(သြဂုတ် ၂၅ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် မြိုင် – ပခုက္ကူလမ်းပိုင်းတွင် စစ်ဆေးရေးများပြုလုပ်နေစဉ် ပုံပါ ဒု-ဗိုလ်မှုးကြီးအား တွေ့ရှိ၍ စစ်ဆေးမေးမြန်းနေစဉ် ရဲဘော်များအား ပြန်လည်တိုက်ခိုက်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ဒဏ်ရာများဖြင့် ​သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပ.က.ဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ပွားရာ အချိန်များနှင့် တချို့အချက်အလက်များကို ဖော်ပြခြင်းမပြုတော့ပါဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်ဟု မြိုင်(ပ.က.ဖ)က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး မြိုင်(ပ.က.ဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်တလောဆက်သွယ်၍ မရသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်ကလည်း မြိုင် – ပခုက္ကူလမ်းပေါ်တွင် စစ်ထောက်လှမ်းရေးတစ်ဦးအား စစ်ဆေးနေစဥ်ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။