Connect with us

Hi, what are you looking for?

သတင်း

မြိုင် – ပခုက္ကူလမ်းတွင် မြိုင်(ပ.က.ဖ)အဖွဲ့ စစ်ဆေးစဥ် ​​ပြန်လည်တိုက်ခိုက်ထွက်ပြေးသည့် ဒုဗိုလ်မှူးကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ပွားရာ အချိန်များနှင့် တချို့အချက်အလက်များကို ဖော်ပြခြင်းမပြုတော့ပါဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်ဟု မြိုင်(ပ.က.ဖ)က အသိပေးသည်။

စစ်ဆေးစဥ်ထွက်ပြေး၍ ပစ်ခတ်ခံရပြီးသေဆုံးသွားသော ဒုဗိုလ်မှူးကြီးဆိုသူ၏ ဓာတ်ပုံနှင့် ၎င်းစီးနင်းလာသည်ဟု ယူဆရသည့်ဆိုင်ကယ်အား မြိုင်(ပ.က.ဖ)က ထုတ်ပြန်ထားစဥ်။ ဓာတ်ပုံ-မြိုင် ပ.က.ဖ
စစ်ဆေးစဥ်ထွက်ပြေး၍ ပစ်ခတ်ခံရပြီးသေဆုံးသွားသော ဒုဗိုလ်မှူးကြီးဆိုသူ၏ ဓာတ်ပုံနှင့် ၎င်းစီးနင်းလာသည်ဟု ယူဆရသည့်ဆိုင်ကယ်အား မြိုင်(ပ.က.ဖ)က ထုတ်ပြန်ထားစဥ်။ ဓာတ်ပုံ-မြိုင် ပ.က.ဖ

မကွေးတိုင်း၊ မြိုင် – ပခုက္ကူလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦးအား စစ်ဆေးရာ ပြန်လည်တိုက်ခိုက်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် သေဆုံးသွားကြောင်း မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(သြဂုတ် ၂၅ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် မြိုင် – ပခုက္ကူလမ်းပိုင်းတွင် စစ်ဆေးရေးများပြုလုပ်နေစဉ် ပုံပါ ဒု-ဗိုလ်မှုးကြီးအား တွေ့ရှိ၍ စစ်ဆေးမေးမြန်းနေစဉ် ရဲဘော်များအား ပြန်လည်တိုက်ခိုက်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ဒဏ်ရာများဖြင့် ​သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပ.က.ဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ပွားရာ အချိန်များနှင့် တချို့အချက်အလက်များကို ဖော်ပြခြင်းမပြုတော့ပါဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်ဟု မြိုင်(ပ.က.ဖ)က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး မြိုင်(ပ.က.ဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်တလောဆက်သွယ်၍ မရသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်ကလည်း မြိုင် – ပခုက္ကူလမ်းပေါ်တွင် စစ်ထောက်လှမ်းရေးတစ်ဦးအား စစ်ဆေးနေစဥ်ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။