Connect with us

Hi, what are you looking for?

သတင်း

သုံးထပ်ကွေ့အနီးတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးထပ်သေ၊ ငါးဦးဒဏ်ရာရ

ပြည်သူများအနေဖြင့် ကော်ဘရာစစ်ကြောင်းအား ကူညီပံ့ပိုးလိုပါက Cobra Column Official Facebook Page သို့သာ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ပေးစေလိုသည်ဟု ထုတ်ပြန်သည်။

ဓာတ်ပုံ - Cobra Column
ဓာတ်ပုံ - Cobra Column

▪️ယမန်နေ့တိုက်ပွဲ၌ ဒဏ်ရာရသည့် ကော်ဘရာစစ်သည်တစ်ဦး ကျဆုံးခဲ့ဟု အသိပေး

▪️ပြည်သူများ ကော်ဘရာစစ်ကြောင်းအား ပံ့ပိုးကူညီလိုပါက တိုက်ရိုက်ဆက်သွယ်နိုင်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ-ဝေါ်လေလမ်း သုံးထပ်ကွေ့၌ ယမန်နေ့ ဩဂုတ် ၂၃ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်ခဲ့သည်ဟု စစ်မြေပြင်သတင်းကို ကိုးကားပြီး ကော်ဘရာ စစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့တိုက်ပွဲ၌ ကော်ဘရာ စစ်သည် တစ်ဦး ကျဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ရာ ယင်းအနက် စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သော စစ်သည်တော်တစ်သီး ယမန်နေ့ ညပိုင်း၌ ကျဆုံးခဲ့ကြောင်း အသိပေးဖော်ပြထားသည်။

ယမန်နေ့ (ဩဂုတ် ၂၃ရက်)တွင် စစ်ကောင်စီတပ်က ကော်ဘရာစစ်ကြောင်းရှိရာသို့ ခြေလျင် တပ်ရင်း အများအပြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းနှင့်အတူ အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများ၊ တိုက်လေယာဉ်များအသုံးပြု တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့သည်။

KNU တပ်မဟာ(၆)နယ်မြေတွင် ဩဂုတ်၁ရက်မှ ၂၀ရက် အတွင်း တိုက်ပွဲ (၃၃)ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က ၄၈ဦး သေဆုံးပြီး ၈၀ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ယင်းအနက် KNU တပ်ရင်း(၂၇) လက်အောက်ခံ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားသည့်နေရာ၌ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်သည်။ စစ်ကောင်စီတပ်ဘက်က စိစစ်နေဆဲဖြစ်သော ထိခိုက်သေဆုံးမှု အများအပြားရှိနေသေးသည်ဟု KNUက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် ကော်ဘရာစစ်ကြောင်းအား ကူညီပံ့ပိုးလိုပါက Cobra Column Official Facebook Page သို့သာ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ပေးစေလိုသည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ကော်ဘရာစစ်‌ကြောင်း၏ သတင်းအချက်အလက်များအား ယခု ထုတ်ပြန်သော Page ၌ စစ်ရေးအရ သင့်လျော်သော အချိန်တွင်သာ တိကျစွာ ထုတ်ပြန်လျက်ရှိသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် ပြင်ပမှ သတင်းမှား ဖြန့်ဝေသူများကို တော်လှန်သော အသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်း ရှောင်ရှား ပေးစေလိုကြောင်း ကော်ဘရာ စစ်ကြောင်းက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။