Connect with us

Hi, what are you looking for?

သတင်း

ကောလင်း – ကန့်ဘလူ – ကျွန်းလှမြို့နယ်များ၌ နှစ်ပတ်အတွင်း ရွာ (၈)ရွာကို စစ်ကောင်စီတပ်မီးရှို့၊ နေအိမ် ၃၇၀ကျော် မီးလောင်ပျက်စီး

အဆိုပါ ကျေးရွာ (၈)ရွာမှ ပြည်သူလူထု နေအိမ်ပေါင်း ၃၇၂လုံးကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့သည်ဟု စာရင်းနှင့်တကွ ဖော်ပြထားသည်။

(ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ ကုန်းစည်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ ကုန်းစည်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များကို အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိရာ နှစ်ပတ်အတွင်း မြို့နယ်သုံးခုမှ ရွာ (၈)ရွာမီးရှို့ခံခဲ့ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ဩဂုတ် ၁၆ ရက်မှ ဩဂုတ် ၂၉ ရက်အတွင်း ကန့်ဘလူမြို့နယ် အင်္ငုတ္တိုရွာ၊ ပင့်သာရွာ၊ ညောင်ကုန်းရွာ၊ ကောလင်းမြို့နယ် အောင်ချမ်းသာရွာ နှင့် ကျွန်းလှ မြို့နယ် ကုန်းစည်း၊ တည်ပင်ဆိပ်၊ အိမ်ခြေ နှင့် အင်းလျားရှည်ရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။

အဆိုပါ ကျေးရွာ (၈)ရွာမှ ပြည်သူလူထု နေအိမ်ပေါင်း ၃၇၂လုံးကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့သည်ဟု စာရင်းနှင့်တကွ ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၁၆ရက်တွင် ကန်ဘလူခရိုင်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာ ဩဂုတ် ၂၃ရက်တွင် ကောလင်းမြို့နယ် အောင်ချမ်းသာရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက် များပြားခဲ့သည်။ အရာရှိ သုံးဦးနှင့် လက်နက်ခဲယမ်းများစွာကို ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းရမိခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အထိနာသည့် စစ်ကောင်စီတပ်သည် အဆိုပါဒေသသို့ စစ်အင်အားများဖြည့်တင်းခြင်း၊လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်ခြင်းတို့ ဆောင်ရွက်ကာ ဒေသတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ တိုး၍ လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၆ဦးထက်မနည်းသေဆုံးခဲ့ရပြီးဖမ်းဆီးခံရသူများလည်းရှိသည်ဟုဆိုသည်။ ထို့ပြင် မြို့နယ် သုံးခုရှိ ကျေးရွာပေါင်း ၃၄ရွာမှ ပြည်သူ သုံးသောင်းကျော်စစ်ဘေးရှောင်နေကြရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။