Connect with us

Hi, what are you looking for?

သတင်း

ဒေါကူးခူရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပြော

အကြမ်းဖက် စစ်ကောင်စီတပ်စွဲရာနေရာကို ယမန်နေ့(သြဂုတ် ၂၈ရက်)က KRU၏ လက်လုပ် (၈၁)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော်များ လက်နက်ကြီးပစ်ခတ်ရန် ပြင်ဆင်နေစဥ်၊ Karenni Revolution Union (KRU)
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော်များ လက်နက်ကြီးပစ်ခတ်ရန် ပြင်ဆင်နေစဥ်၊ Karenni Revolution Union (KRU)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်ရှိ ဒေါကူးခူကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) တပ်ဖွဲ့က ယနေ့(သြဂုတ် ၂၉ ရက်) ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်စွဲရာနေရာကို ယမန်နေ့(သြဂုတ် ၂၈ရက်)က KRU၏ လက်လုပ် (၈၁)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ဒေါကူးခူက ထီးပေါ်ဆို ကျေးရွာအုပ်စုထဲမှာရှိတယ်။ဒီလ ၂၀ ရက်လောက်ကတည်းက ရန်သူ ( အကြမ်းဖက်စစ်ကောင်စီ)တပ်က အင်အား ၂၀၀ လောက်နဲ့ တပ်ဖြန့်ပြီးဝင်လာတာ”ဟု KRU တာဝန်ရှိသူက People`s Springသို့ ရှင်းပြသည်။

စစ်ကောင်စီတပ်များဘက်မှ အထိနာခဲ့သည်ဟု ခန်းမှန်းရပြီး တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကျေးရွာများအား အတွဲလိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းလည်း KRU က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် အခြားသော မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ မှ အထိခိုက်တစ်စုံတစ်ရာမျှမရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် ထီးပေါ်ဆို ကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို သြဂုတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးခန့်သေဆုံးကြောင်း DMO Local PDF က ထုတ်ပြန်ထားသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော်များ လက်နက်ကြီးပစ်ခတ်ရန် ပြင်ဆင်နေစဥ်၊ Karenni Revolution Union (KRU)

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။