Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာ (၂၀)ရပ်ကွက်ရုံးအား ဖောက်ခွဲတိုက်ခိုက်ရန် စီစဥ်ခဲ့သော်လည်း ပြည်သူများရှိနေ၍ ဖျက်သိမ်းခဲ့ရ

ထို့ကြောင့် မပေါက်ကွဲသေးသည့် ဗုံးကျန်ရှိနေသဖြင့် ပြည်သူများအနေဖြင့် (၂၀)ရပ်ကွက်(သံဒင်း)ရုံးအနီးဝန်းကျင်အား ရှောင်ရှားသွားလာကြရန် SPTUG အဖွဲ့က သတိပေးထားသည်။

ရွှေပြည်သာ (၂၀)ရပ်ကွက်ရုံးအား ဖောက်ခွဲတိုက်ခိုက်ရန် စီစဥ်ခဲ့သော်လည်း ပြည်သူများရှိနေ၍ ဖျက်သိမ်းခဲ့ရ
ရွှေပြည်သာ (၂၀)ရပ်ကွက်ရုံးအား ဖောက်ခွဲတိုက်ခိုက်ရန် စီစဥ်ခဲ့သော်လည်း ပြည်သူများရှိနေ၍ ဖျက်သိမ်းခဲ့ရ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် (၂၀)ရပ်ကွက်(သံဒင်း)အုပ်ချုပ်ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်ရန် စီစဥ်ခဲ့သော်လည်း ပြည်သူများရှိနေ၍ တိုက်ခိုက်ရေးအစီအစဥ် ဖျက်သိမ်းခဲ့ရကြောင်း ရွှေပြည်သာမြို့နယ် မြေအောက်တော်လှန်ရေးအဖွဲ့(SPTUG)က ယနေ့(သြဂုတ် ၃၀)တွင် ထုတ်ပြန်သည်။

ပြည်သူများအား ညနက်သန်းခေါင် ဧည့်စာရင်းစစ်ခြင်း၊ PDF ဟုအမည်တပ်ကာ ဖမ်းဆီးစေခိုင်းကာ စစ်တပ်အားကိုးနေသော (၂၀)ရပ်ကွက် (သံဒင်း)ရုံးအား ယနေ့ည ၇ နာရီ ၄၅ ခန့်တွင် ဖောက်ခွဲတိုက်ခိုက်ရန် စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထိုသို့ ဖောက်ခွဲတိုက်ခိုက်ရန် စီစဥ်ထားစဥ် အလုပ်မှပြန်လာသော စက်ရုံအလုပ်သမားများနှင့် ပြည်သူများ တိုက်ခိုက်ရေးပြုလုပ်မည့် ဧရိယာအတွင်း ရှိနေချင်းကြောင့် တိုက်ခိုက်မည့်အစီအစဥ် ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။

“အဲ့ချိန်က (ရုံးထဲလူ)ရှိတယ်။ ညဘက်တိုင်း ဓါးတွေတုတ်တွေနဲ့ ကင်းပတ်တယ်။ ရုံးမှာ လူစုတယ်။ စစ်တပ်မပါလည်း ဧည့်စစ်တယ်”ဟု (၂၀)ရပ်ကွက်ရုံး အခြေအနေအား SPTUG အဖွဲ့မှ ရဲဘော်တစ်ဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါ စစ်ကောင်စီရပ်ကျေးရုံးအား ဖောက်ခွဲတိုက် ခိုက်ရန် ဗုံးနှစ်လုံးဆင်ထားပြီး တစ်လုံးမှာ ဖောက်ခွဲမည့်ဆဲဆဲတွင် ရပ်ထားခဲ့ရပြီး ကျန်တစ်လုံးမှာ အကောင်းအတိုင်းကျန်ရှိခဲ့ကြောင်း အထက်ပါရဲဘော်က ဆက်ပြောသည်။

ထို့ကြောင့် မပေါက်ကွဲသေးသည့် ဗုံးကျန်ရှိနေသဖြင့် ပြည်သူများအနေဖြင့် (၂၀)ရပ်ကွက်(သံဒင်း)ရုံးအနီးဝန်းကျင်အား ရှောင်ရှားသွားလာကြရန် SPTUG အဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။