Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်တွင် သြဂုတ်လအတွင်းစစ်ဆင်ရေး စစ်ကောင်စီတပ်အရာရှိနှင့် စနိုက်ပါ ခြောက်ဦးအပါအဝင် ၅၀ကျော်သေဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ထုတ်ပြန်

ထပ်မံ၍ သြဂုတ် ၂၀ ရက်တွင် ပူးပေါင်း စနိုက်ပါအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားခြောက်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

(စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့များမှ စနိုက်ပါသမားက ပသ်ခတ်ရန် ချိန်ရွယ်နေစဥ်၊ ဓာတ်ပုံ -အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့)
(စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့များမှ စနိုက်ပါသမားက ပသ်ခတ်ရန် ချိန်ရွယ်နေစဥ်၊ ဓာတ်ပုံ -အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့)

ကရင်နီပြည်တွင် ဩဂုတ်လအတွင်း ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦး နှင့် စနိုက်ပါ ‌ခြောက်ဦးအပါအဝင် စုစုပေါင်း ၅၃ဦး သေဆုံးခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ (စက်တင်ဘာ ၂ ရက်) ထုတ်ပြန်သည်။

ဖရူဆို – ဒီးမော့ဆို လမ်းမကြီးပေါ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို သြဂုတ် ၁၆ ရက်မှ ၃၁ ရက်အတွင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါ အဖွဲ့ ၊ KNDF စနိုက်ပါအဖွဲ့ ၊ အလယ်ပိုင်းတိုင်း(၁၁၀၁)တပ်ဖွဲ့ ၊ KA တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သြဂုတ် ၁၆ ရက်တွင် ပူးပေါင်းအဖွဲ့၏တိုက်ခိုက်မှုကြောင့် ရန်သူဘက်မှ စနိုက်ပါတစ်ဦးအပါသုံးဦးသေဆုံးခဲ့ပြီး သြဂုတ် ၁၈ ရက်တွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း ဖော် ပြသည်။

ထို့နောက် သြဂုတ် ၁၉ ရက်တွင် ပူးပေါင်း စနိုက်ပါအဖွဲ့၏တိုက်ခိုက်မှုကြောင့် ခြောက်ဦးပါ စစ်ကောင်စီကင်းပုန်းတဖွဲ့လုံး သေဆုံးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထပ်မံ၍ သြဂုတ် ၂၀ ရက်တွင် ပူးပေါင်း စနိုက်ပါအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားခြောက်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

သြဂုတ် ၂၁ ရက်၌လည်း ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါ ၊ (၄၀) မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စက်ကလေးပစ်သူတစ်ဦးအပါအဝင် ၁၁ဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ပြောသည်။

တိုက်ခိုက်မှုစာရင်များအရ သြဂုတ် ၂၂ ရက်တွင် စစ်ကောင်စီတပ်မှ ၈ ဦး၊ သြဂုတ် ၂၃ ရက်တွင် စစ်ကောင်စီတပ်သား သုံးဦး၊သြဂုတ် ၂၄ ရက်တွင် စစ်ကောင်စီတပ်သားခြောက်ဦး၊ သြဂုတ် ၂၅ ရက်တွင် စစ်ကောင်စီတပ်သား ခြောက်ဦး အသီးသီး သေဆုံးကြောင်း ဖော်ပြသည်။

ထို့အပြင် တောင်ပေါ်တွင် ရေချိုးနေသော စစ်ကောင်စီအရာရှိတစ်ဦးကို သြဂုတ် ၂၆ ရက်ကပူးပေါင်း စနိုက်ပါ အဖွဲ့၏ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

သြဂုတ် ၂၇ ရက်တွင်လည်း စစ်ကောင်စီတပ်သားတစ်ဦး၊ သြဂုတ် ၂၈ ရက်တွင် စစ်ကောင်စီတပ်သား ခြောက်ဦး၊သြဂုတ် ၃၀ ရက်တွင် စစ်ကောင်စီတပ်သားတစ်ဦးနှင့် သြဂုတ် ၃၁ ရက်တွင် စစ်ကောင်စီဘက်မှ စနိုက်ပါ တစ်ဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲများ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အင်အားအများအပြားအသုံးပြုကာ ဆက်လက်စစ်ကြောင်းထိုးလျှက်ရှိပြီး ပူး ပေါင်းအဖွဲ့များမှလည်း ဆက်လက်ခုခံတိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့များမှ ထိခိုက်မှုမရှိသော်လည်း စနိုက်ပါ ကျည်များ လိုအပ်လျှက်ရှိကာ အဆိုပါ ကျည်းမှာ ယခု ကာလပေါက်ဈေးမှာ ၁၂၀,၀၀၀ ကျပ်ဖြစ်နေ၍ ပြည်တွင်း၊ ပြည်ပမှ အလှူရှင်ပြည်သူများမှ ဆက်လက်ကူညီရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။