Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်၌ သြဂုတ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၄၀ဦးသေ

သြဂုတ်လ နောက်ဆုံးအပတ်အတွင်း စစ်ကောင်စီ တပ်သားလေးဦး KNDF ထံ CDM ပြုလုပ်ကာ လာရောက်ပူးပေါင်းခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

တပ်သား လေးဦး CDM ပြုလုပ်လာ

ကရင်နီ(ကယား)ပြည်နယ်၌ သြဂုတ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ဦး သေဆုံးပြီး တပ်သား လေးဦး CDM ပြုလုပ်၍ ပူးပေါင်းလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ (စက် တင်ဘာ ၁ ရက်) ထုတ်ပြန်သည်။

သြဂုတ်တစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့မှ ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့အထိ စစ်ရေးအရ ထိန်းချုပ်နိုင်ရန်ကြိုးစားလျက်ရှိပြီး ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် တပ်ဖြန့်စစ်ကြောင်းထိုးခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် သြဂုတ် ၂၂ ရက်တွင် ဒီးမောဆိုမြို့နယ် ထူလွှီးဘီလာ ကျေးရွာအနီးရှိ သဲတောင်အနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA)နှင့် KNDF B10တို့ ထိတွေ့တိုက်ပွဲ (၁၅)မိနစ်ခန့်ဖြစ်ပွားခဲ့သည်။

ထို့အတူ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များကို KNDF – B05 မှသွားရောက် တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အထက်ပါ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း KNDF က ဆိုသည်။

သြဂုတ် ၂၄ ရက်တွင် ငွေတောင်အခြေစိုက် ခလရ(၁၀၂) တပ်ရင်း၏ ကင်းပုန်းစခန်းတခုအား ကရင်နီတပ်မတော် (KA) နှင့် KNDF B10 တို့မှ ရှောင်တခင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့သည်။

သြဂုတ် ၂၆ ရက် နံနက်ပိုင်းကလည်း စံပြ(၆)မိုင်ကျေးရွာအနီးရှိ တောင်ပေါ်တွင် စခန်းချနေသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF -B09 မှ စစ်ဆင်ရေး တစ်ရပ်ဖြင့် ဆင်နွှဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ တစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်မှုများရှိခဲ့သည်။

ဘောလခဲမြို့နယ်တွင်လည်း သြဂုတ် ၂၅ ရက်နှင့် ၂၇ ရက်တို့တွင် မက်စလောင်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA) နှင့် KNDF B16 မှ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများခဲ့ပြီး လေးဦးသေဆုံးခဲ့သည်။

သြဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ဘောလခဲမြို့နယ်အတွင်းရှိ ပွန်းချောင်း တံတားထိပ် စစ်ကောင်စီတပ်စခန်းအား ကရင်နီတပ်မတော် (KA) နှင့် KNDF B21 တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့မှ နှစ်ဦးသေဆုံးခဲ့သည်။

ရှားတောမြို့နယ် ပွန်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ပွန်ချောင်းစခန်းအား ကရင်နီတပ်မတော်(KA) နှင့် KNDF -B14 တို့မှ သြဂုတ် ၂၇ က်တွင် တနေကုန်နီးပါး ခြောင်းမြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ သုံးဦးပွဲချင်းပြီး သေဆုံးခဲ့သည်။

သြဂုတ် ၃၀ ရက်တွင် ဖယ်ခုံမြို့နယ်၊ ပုံပင်နှင့် လွယ်ဝှဲ ကျေးရွာအနီးရှိ စစ်ကောင်စီခြေကုပ် စခန်းအား KNDF -B03၊ SSRY နှင့် PKPDF မှပူးပေါင်း၍ ပြောက်ကျားတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးခဲ့သည်။

ကရင်နီပြည်နယ်တွင် သြဂုတ်လအတွင်းတိုက်ပွဲပေါင်း အနည်းဆုံး (၄၆) ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်များဖက်မှ (၄၀) ဦးသေဆုံးခဲ့ပြီး (၂၅) ဦးဒဏ်ရာရခဲ့ကြောင်း KNDF က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၈)ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ (၃၂) လုံးကို လူနေရပ်ကွက်များသို့ ကြဲချခဲ့သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး တိုက်ခိုက်မှုတို့ကြောင့် ပြည်သူ ငါး ဦးသေဆုံးခဲ့ရသည့်အပြင် (၁၅)ဦးဒဏ်ရာရကာ ဆေးပေးခန်း(၁)လုံးနှင့် နေအိမ် (၉)လုံးပျက်စီးခဲ့ရပြီး စေတီတစ်ဆူလည်းပျက်စီးခဲ့ရသည်။

သြဂုတ်လ နောက်ဆုံးအပတ်အတွင်း စစ်ကောင်စီ တပ်သားလေးဦး KNDF ထံ CDM ပြုလုပ်ကာ လာရောက်ပူးပေါင်းခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။