Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီရိစစ်ကောင်စီတပ်စခန်း သိမ်းပိုက်စဥ်ကလက်နက်ချခဲ့သော စစ်သုံ့ပန်းငါးဦး၏ သဘောဆန္ဒကို ၎င်းတို့မိသားစုဝင်များသိစေရန် ဖယ်ခုံ PDF ထုတ်ပြန်

ညောင်ရွှေမြို့နယ်ရှိထီရိကျေးရွာစာသင်ကျောင်း အတွင်း အခိုင်အမာတပ်စွဲထားသော တပ်မ-၅၅ လက်အောက်ခံ ခမရ-၁၈ တပ်နှင့် PNO အဖွဲ့ကိုဖယ်ခုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်၊တပ် ရင်း(၂) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF -B3 က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ထီရိစစ်ကောင်စီစခန်းကို သိမ်းပိုက်စဥ် လက်နက်ချခဲ့သည့် စစ်သုံ့ပန်းငါးဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ- PEKHON PDF 2)
(ထီရိစစ်ကောင်စီစခန်းကို သိမ်းပိုက်စဥ် လက်နက်ချခဲ့သည့် စစ်သုံ့ပန်းငါးဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ- PEKHON PDF 2)

ထီရိစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်စဥ်ကလက်နက်ချခဲ့သော စစ်သုံ့ပန်းငါးဦး၏သဘော ဆန္ဒကို ၎င်းတို့မိသားစုဝင်များသိစေရန် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း (၂) က ယနေ့(စက်တင်ဘာ ၂ ရက်) ထုတ်ပြန်သည်။

မေလ ၁၂ ရက်က ထီရိစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့စဥ်က စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ပအိုဝ်းပြည်သူ့စစ် PNO မှ တပ်သားသုံးဦးမှ လက်နက်ချခဲ့ခြင်းဖြစ်သည်။

(ထီရိစစ်ကောင်စီစခန်းကို သိမ်းပိုက်စဥ် လက်နက်ချခဲ့သည့် စစ်သုံ့ပန်းငါးဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ- PEKHON PDF 2)
(ထီရိစစ်ကောင်စီစခန်းကို သိမ်းပိုက်စဥ် လက်နက်ချခဲ့သည့် စစ်သုံ့ပန်းငါးဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ- PEKHON PDF 2)

၎င်းတို့ ငါးဦးကို အမျိုးသား ညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တွင် ထိန်သိမ်းထားရှိခဲ့သည်ဟု ဆိုသည်။

ထို့နောက် စက်တင်ဘာ ၁ ရက်က ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း၂ က စစ်သုံ့ပန်း ငါးဦးထိန်းသိမ်းထားရှိရာနေရာသို့ ရောက်ရှိတွေ့ဆုံခဲ့သည်။

Public Service Announcement

Public Service Announcement

၎င်းတို့အနေဖြင့် လက်ရှိအချိန်တွင် အရေးယူခံရမည်စိုး၍ နေရပ်သို့ပြန်လိုသေးခြင်းမရှိကြောင်း၊ ကျန်းမာရေး ကောင်းမွန်ပြီးအဆင်ပြေပြေနေရကြောင်းကိုမူ မိသားစုကို သိစေချင်ကြောင်း နှင့် ၎င်းတို့ကိုမစိုးရိမ်ပါရန်မှာကြားလိုကြောင်း ဖော်ပြသည်။

ထို့ကြောင့် ကာယကံရှင် စစ်သုံ့ပန်း ငါးဦး တို့၏ သဘောဆန္ဒကိုသက်ဆိုင်ရာ မိသားစုဝင်များအားသိရှိစေနိုင်ရန် ဖယ်ခုံ​မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း (၂)က အသိပေးသည်။

ညောင်ရွှေမြို့နယ်ရှိထီရိကျေးရွာစာသင်ကျောင်း အတွင်း အခိုင်အမာတပ်စွဲထားသော တပ်မ-၅၅ လက်အောက်ခံ ခမရ-၁၈ တပ်နှင့် PNO အဖွဲ့ကိုဖယ်ခုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်၊တပ် ရင်း(၂) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF -B3 က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲတွင် ထီရိစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။