Connect with us

Hi, what are you looking for?

သတင်း

ထီရိစစ်ကောင်စီတပ်စခန်း သိမ်းပိုက်စဥ်ကလက်နက်ချခဲ့သော စစ်သုံ့ပန်းငါးဦး၏ သဘောဆန္ဒကို ၎င်းတို့မိသားစုဝင်များသိစေရန် ဖယ်ခုံ PDF ထုတ်ပြန်

ညောင်ရွှေမြို့နယ်ရှိထီရိကျေးရွာစာသင်ကျောင်း အတွင်း အခိုင်အမာတပ်စွဲထားသော တပ်မ-၅၅ လက်အောက်ခံ ခမရ-၁၈ တပ်နှင့် PNO အဖွဲ့ကိုဖယ်ခုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်၊တပ် ရင်း(၂) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF -B3 က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ထီရိစစ်ကောင်စီစခန်းကို သိမ်းပိုက်စဥ် လက်နက်ချခဲ့သည့် စစ်သုံ့ပန်းငါးဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ- PEKHON PDF 2)
(ထီရိစစ်ကောင်စီစခန်းကို သိမ်းပိုက်စဥ် လက်နက်ချခဲ့သည့် စစ်သုံ့ပန်းငါးဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ- PEKHON PDF 2)

ထီရိစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်စဥ်ကလက်နက်ချခဲ့သော စစ်သုံ့ပန်းငါးဦး၏သဘော ဆန္ဒကို ၎င်းတို့မိသားစုဝင်များသိစေရန် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း (၂) က ယနေ့(စက်တင်ဘာ ၂ ရက်) ထုတ်ပြန်သည်။

မေလ ၁၂ ရက်က ထီရိစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့စဥ်က စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ပအိုဝ်းပြည်သူ့စစ် PNO မှ တပ်သားသုံးဦးမှ လက်နက်ချခဲ့ခြင်းဖြစ်သည်။

(ထီရိစစ်ကောင်စီစခန်းကို သိမ်းပိုက်စဥ် လက်နက်ချခဲ့သည့် စစ်သုံ့ပန်းငါးဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ- PEKHON PDF 2)
(ထီရိစစ်ကောင်စီစခန်းကို သိမ်းပိုက်စဥ် လက်နက်ချခဲ့သည့် စစ်သုံ့ပန်းငါးဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ- PEKHON PDF 2)

၎င်းတို့ ငါးဦးကို အမျိုးသား ညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တွင် ထိန်သိမ်းထားရှိခဲ့သည်ဟု ဆိုသည်။

ထို့နောက် စက်တင်ဘာ ၁ ရက်က ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း၂ က စစ်သုံ့ပန်း ငါးဦးထိန်းသိမ်းထားရှိရာနေရာသို့ ရောက်ရှိတွေ့ဆုံခဲ့သည်။

Public Service Announcement

Public Service Announcement

၎င်းတို့အနေဖြင့် လက်ရှိအချိန်တွင် အရေးယူခံရမည်စိုး၍ နေရပ်သို့ပြန်လိုသေးခြင်းမရှိကြောင်း၊ ကျန်းမာရေး ကောင်းမွန်ပြီးအဆင်ပြေပြေနေရကြောင်းကိုမူ မိသားစုကို သိစေချင်ကြောင်း နှင့် ၎င်းတို့ကိုမစိုးရိမ်ပါရန်မှာကြားလိုကြောင်း ဖော်ပြသည်။

ထို့ကြောင့် ကာယကံရှင် စစ်သုံ့ပန်း ငါးဦး တို့၏ သဘောဆန္ဒကိုသက်ဆိုင်ရာ မိသားစုဝင်များအားသိရှိစေနိုင်ရန် ဖယ်ခုံ​မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း (၂)က အသိပေးသည်။

ညောင်ရွှေမြို့နယ်ရှိထီရိကျေးရွာစာသင်ကျောင်း အတွင်း အခိုင်အမာတပ်စွဲထားသော တပ်မ-၅၅ လက်အောက်ခံ ခမရ-၁၈ တပ်နှင့် PNO အဖွဲ့ကိုဖယ်ခုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်၊တပ် ရင်း(၂) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF -B3 က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲတွင် ထီရိစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။