Connect with us

Hi, what are you looking for?

သတင်း

ဇူလိုင်လအတွင်း ဖယ်ခုံမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၅၀နှင့်အထက် သေဟုဆို

ဇူလိုင် ၂၁ရက်က ဖယ်ခုံမြို့နယ်၊ လဟယ်ကျေးရွာအနီးရှိ လွယ်မကူးတောင်ပေါ် တွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF တပ်ရင်း (၂) ၊KNDF တပ်ရင်း (၃)နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။

(အမှတ်(၁၀၀၈)တပ်ရင်းမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(အမှတ်(၁၀၀၈)တပ်ရင်းမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖယ်ခုံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်၏ စခန်းကုန်းများအပါအဝင် တပ်စွဲထားသည့် နေရာများသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား ၅၀နှင့်အထက်သေဆုံးခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း အမှတ်(၁၀၀၈)တပ်ရင်းက ထုတ်ပြန်သည်။

ဇူလိုင် ၄ ရက်ကစ၍ စစ်ကောင်စီ၏တပ်စခန်းများဖြစ်သော ရွှေပြည်အေးနှင့် လွယ်ပတာကုန်း စခန်းများကို ကရင်နီတပ်မတော် (KA)၊ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃၊တပ်ရင်း (၁၁)၊ဖယ်ခုံ PDF ၊မိုးဗြဲ PDF နှင့် အမှတ် (၁၀၀၈)တပ်ရင်းတို့ ပူးပေါင်း ၍ တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

လွယ်ပတာစခန်းကုန်းကို ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် လက်နက်ကြီး၊ လက်နက်ငယ် ၂၀ ​ကျော်သိမ်းဆည်းနိုင်ခဲ့ပြီး ဆုတ်ခွာရန် ပြင်ဆင်ချိန်တွင် စခန်းကုန်းနောက်ဘက်မှ စစ်ကောင်စီ၏ သာလွန်အင်အားစစ်ကူ ၂၀၀ခန့်မှာ ရောက်ရှိလာပြီး လက်နက်ကြီး၊ ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်ကြောင့် တပ်ပေါင်းစုအထိနာခဲ့ပြီး သိမ်းဆည်းရမိသော စခန်းကုန်းနှင့် လက်နက်များကို စွန့်လွှတ်ခဲ့ရကြောင်း အမှတ်(၁၀၀၈)တပ်ရင်းက ပြောသည်။

ထို့အတူ ပြန်လည်ဆုတ်ခွာချိန်တွင် KA၊KNDFနှင့် မိုးဗြဲ PDF မှ ရဲဘော် ၁၁ဦး ကျဆုံးခဲ့ရသည်။

ဇူလိုင် ၂၁ရက်က ဖယ်ခုံမြို့နယ်၊ လဟယ်ကျေးရွာအနီးရှိ လွယ်မကူးတောင်ပေါ် တွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF တပ်ရင်း (၂) ၊KNDF တပ်ရင်း (၃)နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။

ဇူလိုင် ၂၄ ရက် နှင့် ၂၅ ရက်တို့တွင်လည်း ဆောင်နန်းခဲကျေးရွာ အရှေ့တောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF တပ်ရင်း (၂) ၊KNDFတပ်ရင်း (၃)နှင့်အတူပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ပွဲမှာ ၁နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရရှိသူ ရှစ်ဦးရှိခဲ့ကာ စစ်ကောင်စီ၏ ဖယ်ခုံမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ – ၇ က လက်နက်ကြီး ပစ်ကူပေးသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။